KNLA နှင့် တိုက်ပွဲအတွင်း နစက စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့

Unicode:

KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ယမန်နေ့ အောက်တိုဘာ ၁၈ ရက် က ကော့ကရိတ်မြို့နယ်၊ ရွာသစ်အနီးတွင် နယ်မြေကျူးကျော်ပြီး စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များနှင့် KNLA တပ်များ တို့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကောင်စီတပ် စကခ (၁၃) လက်အောက်ခံ ခလရ (၂၃၁)၊ ခမရ (၅၅၆)၊ ခမရ (၅၆၀) တို့မှ KNU ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရွာသစ်၊ မြို့ဟောင်း၊ မိကသိန်ကျေးရွာများကို နယ်မြေကျူးကျော်လာသောကြောင့် တိုက်ပွဲဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ထိုစစ်ကြောင်းကို ဦးဆောင်သူ စစ်ကြောင်းမှူးကိုယ်တိုင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကရင်သတင်းဌာန KLO FM တွင်ဖော်ပြထားသော်လည်း Media9 အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်များက ရွာသစ်ရွာမှ ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ပြီး နေအိမ်တစ်လုံးကို ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။ တိုက်ပွဲကြောင့် ရွာသစ်ကျေးရွာ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော်လည်း ရွာအတွင်း ပိတ်မိနေသည့် ရွာသားများနှင့် ဖမ်းဆီးခံထားရသူများကို ထွက်ပြေးပါက ရွာကိုမီးရှို့မည်ဟု စစ်ကောင်စီတပ်က ကြိမ်းဝါးထားကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်များ နယ်မြေကျူးကျော်လာသဖြင့် KNLA နယ်မြေလုံခြုံရေး တပ်ရင်း ၁၈၊ တပ်ရင်း ၂၇ တို့နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့ဟောင်း၊ ရွာသစ်၊ ကမိုင်ကုန်း၊ အံကလော်၊ မိကသိန် ကျေးရွာတို့တွင် နေ့စဉ်နီးပါးတိုက်ပွဲများဖြစ်ပွားလျှက်ရှိနေပါသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က အံကလော်ရွာဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်းတွင် ရွာသစ်ကျေးရွာမှ ရွာသား ၃ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ရွာသစ်ကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် စခန်းချနေထိုင်လျှက်ရှိနေကြောင်းသိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *