သဘောထားပြောင်းလို့လွှတ်ပေးတာမဟုတ်ပါ- အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက ဆက်လက်ပိတ်ဆို့အရေးယူရမယ် (Tom Andrews- မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးစုံစမ်းသူ)ပြောကြား

Unicode:

ဖမ်းဆီးထားသူတွေကို အာဏာသိမ်းစစ်တပ်က ပြန်လွှတ်ပေးတာဟာ ကြိုဆိုရမှာဖြစ်ပေမယ်လို့ သဘောထားပြောင်းလို့မဟုတ်ပဲ ပြည်တွင်းပြည်ပဖိအားပေးတာတွေကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းသူ Tom Andrews က ပြောပါသည်။

စကတည်းက ဖမ်းဆီးထားစရာမလိုသလို ဖမ်းဆီးခံရထားတဲ့ကာလတွေမှာလည်း နှိပ်စက်တာ သတ်ဖြတ်တာ လိင်ပိုင်းဆိုင်ရာစော်ကားတာစတဲ့ ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖေါက်္မှု့တွေကို အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သလို ကျူးလွန်နေဆဲလို့ Tom Andrews ကပြောပါသည်။

အာဏာသိမ်းစစ်တပ်အလိုရှိနေတာဟာ နိုင်ငံတကာဆီကနေ ငွေကြေး- လက်နက်နဲ့ တရားဝင်အသိအမှတ်ပြုတာပဲဖြစ်တယ်လို့ Tom Andres က ပြောပါသည်။

မအလ ကို အာဆီယံတက်ခွင့်မပေးတာဟာ အာဏာသိမ်းစစ်တပ်လိုချင်နေတဲ့ တရားဝင်အသိအမှတ်ပြုမှု့ကို အာဆီယံကငြင်းပယ်လိုက်တာပဲဖြစ်တယ်လို့ Tom Andrews က ပြောပါသည်။ ကုလသမဂ္ဂမှာ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မရတာဟာလည်း သူတို့လိုချင်နေတဲ့ တရားဝင်အသိအမှတ်ပြုခံရရေးကို ငြင်းပယ်လိုက်တာဖြစ်တယ်လို့ Andrews ကပြောပါသည်။

အာဏာသိမ်းစစ်တပ်ဟာ ပါးစပ်ကသာ နိုင်ငံတကာဖိအားပေးတာကို ဂရုမစိုက်ဘူးပြောနေပေမယ့် ဖမ်းထားသူတွေကိုပြန်လွှတ်ပေးနေရတာဟာ ဖိအားပေးမှု့ဒဏ်တွေကြောင့်ဖြစ်တယ်လို့ Andrews ကပြောပါသည်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို ကယ်တင်ချင်ရင် ၊မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးကို ကာကွယ်ပေးလိုရင် အာဏာသိမ်းစစ်တပ်လိုချင်နေတဲ့ ငွေ-လက်နက်နဲ့ တရားဝင်အသိအမှတ်ပြုတာတွေကို လုံးဝမရအောင် ပိတ်ဆို့ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းသူ Tom Andrews က သတင်းထုတ်ပြန်ထားပါသည်။

Zawgyicode:

သဘောထားပြောင်းလို့လွှတ်ပေးတာမဟုတ်ပါ- အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက ဆက်လက်ပိတ်ဆို့အရေးယူရမယ်

(Tom Andrews- မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးစုံစမ်းသူ)

 

ဖမ်းဆီးထားသူတွေကို အာဏာသိမ်းစစ်တပ်က ပြန်လွှတ်ပေးတာဟာ ကြိုဆိုရမှာဖြစ်ပေမယ်လို့ သဘောထားပြောင်းလို့မဟုတ်ပဲ ပြည်တွင်းပြည်ပဖိအားပေးတာတွေကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းသူ Tom Andrews က ပြောပါသည်။

 

စကတည်းက ဖမ်းဆီးထားစရာမလိုသလို ဖမ်းဆီးခံရထားတဲ့ကာလတွေမှာလည်း နှိပ်စက်တာ သတ်ဖြတ်တာ လိင်ပိုင်းဆိုင်ရာစော်ကားတာစတဲ့ ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖေါက်္မှု့တွေကို အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သလို ကျူးလွန်နေဆဲလို့ Tom Andrews ကပြောပါသည်။

 

အာဏာသိမ်းစစ်တပ်အလိုရှိနေတာဟာ နိုင်ငံတကာဆီကနေ ငွေကြေး- လက်နက်နဲ့ တရားဝင်အသိအမှတ်ပြုတာပဲဖြစ်တယ်လို့ Tom Andres က ပြောပါသည်။

 

မအလ ကို အာဆီယံတက်ခွင့်မပေးတာဟာ အာဏာသိမ်းစစ်တပ်လိုချင်နေတဲ့ တရားဝင်အသိအမှတ်ပြုမှု့ကို အာဆီယံကငြင်းပယ်လိုက်တာပဲဖြစ်တယ်လို့ Tom Andrews က ပြောပါသည်။ ကုလသမဂ္ဂမှာ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မရတာဟာလည်း သူတို့လိုချင်နေတဲ့ တရားဝင်အသိအမှတ်ပြုခံရရေးကို ငြင်းပယ်လိုက်တာဖြစ်တယ်လို့ Andrews ကပြောပါသည်။

 

အာဏာသိမ်းစစ်တပ်ဟာ ပါးစပ်ကသာ နိုင်ငံတကာဖိအားပေးတာကို ဂရုမစိုက်ဘူးပြောနေပေမယ့် ဖမ်းထားသူတွေကိုပြန်လွှတ်ပေးနေရတာဟာ ဖိအားပေးမှု့ဒဏ်တွေကြောင့်ဖြစ်တယ်လို့ Andrews ကပြောပါသည်။

 

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို ကယ်တင်ချင်ရင် ၊မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးကို ကာကွယ်ပေးလိုရင် အာဏာသိမ်းစစ်တပ်လိုချင်နေတဲ့ ငွေ-လက်နက်နဲ့ တရားဝင်အသိအမှတ်ပြုတာတွေကို လုံးဝမရအောင် ပိတ်ဆို့ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းသူ Tom Andrews က သတင်းထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *