အသံထက်္မြန်တဲ့ နျုကလီးယားဒုံးကျည်စမ်းသပ်တယ်ဆိုသည့် သတင်းကို တရုတ်ကအတင်းအဓမ္မ ငြင်းဆိုနေ

အသံထက်္မြန်တဲ့ နျုကလီးယားဒုံးကျည်စမ်းသပ်တယ်ဆိုသည့် သတင်းကို တရုတ်က ငြင်းဆိုခဲ့ပါသည်။

အသံထက် ၅ ဆ မြန်တဲ့နျုကလီးယားဒုံးကျည်စမ်းသပ်ခဲ့တယ်ဆိုတဲ့သတင်းဟာ တရုတ်ကို ဖိအားပေးဖို့ တမင်ဖန်တီးတဲ့သတင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။

ပြီးခဲ့တဲ့တနင်္ဂနွေက The Financial Times သတင်းမှာ ဩဂုတ်လထဲက တရုတ်ရဲ့ အဆင့်မြင့်ဒုံးကျည်စမ်းသပ်မှုဟာ အမေရိကန်ထောက်လှမ်းရေးတွေကို အံ့အားသင့်စေခဲ့တယ်လို့ဖေါ်ပြခဲ့တာဖြစ်သည်။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာသဘောတူညီမှု့တွေကို ချိုးဖေါက်နေတယ်ဆိုတာမျိုးကို အနောက်တိုင်းမီဒီယာတွေက စနစ်တကျ ဝါဒဖြန့်ရေးသားနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကဆိုပါသည်။

ဩဂုတ်လထဲက စမ်းသပ်ခဲ့တာဟာ ဒုံးကျည်မဟုတ်ပဲ ပုံမှန် အာကာသထဲလွှင့်တင်မယ့် အာကာသယာဉ်ကို စမ်းသပ်ခဲ့တာသာဖြစ်တယ်လို့ တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။

အမေရိကန်သမ္မတ ဘုရှ့်လက်ထက်က အမေရိကန်မြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်္မှာ (War On Terror ) အကြမ်းဖက်္မှု့တွေအပေါ်နှိမ်နှင်းရေးစစ်ပွဲဆိုပြီး တာလီဘန်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။

တစ်ချိန်ထဲမှာ ကူဝိတ်ကို အကြမ်းဖက်ကျူးကျော်ခဲ့တဲ့ အာဏာရှင်ဆဒမ်ဟူစိန်ဟာ လူအစုလိုက်အပြုံလိုက်သေစေတဲ့လက်နက်တွေ ဓါတုလက်နက်တွေ ထုတ်လုပ်ပြီး ကမ္ဘာကိုခြိမ်းခြောက်နေတယ်ဆိုပြီး အီရတ်ကိုပါတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေရှိခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က အဲဒီ့ အီရတ်နမူနာကို ရည်ညွှန်းလိုတဲ့သဘောလို့ ဘီဂျင်းအခြေစိုက်သံတမန်တဦးက သုံးသပ်ပါသည်။

အောက်တိုဘာလ ၁၉ ရက်နေ့။

#myanmarcelebrityclub_edition

Leave a Reply

Your email address will not be published. Required fields are marked *