အာဆီယံအထူးကိုယ်စားလှယ်တောင်းဆိုသမျှအတတ်နိူင်ဆုံးလိုက်လျောပေးနေပေမယ့် အခုချိန်ထိ ညှိနိူင်းမရဖြစ်နေလို့ဆို

မြန်မာနိုင်ငံသို့လာရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ Erywan Yusof ၏ တောင်းဆိုချက်များသည် ညှိနှိုင်း၍မရနိုင်တာများရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက အောက်တိုဘာ ၁၉ ရက်က ပြည်သူလူထုသို့ ပြောကြားသောမိန့်ခွန်းပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီးဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ ညွှန်ကြားချက်မှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာ ကြေညာထားပြီဖြစ်ပါတယ်။ အဆီယံကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရတာတွေရှိပါတယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာ တောင်းဆိုချက်များ အမျိုးမျိုးဖြစ်ပေါ်နေသည့်အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ကြောင်း၊ သို့သော် အာဆီယံနိုင်ငံများနှင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မစ္စတာ Yusof သည် ပြီးခဲ့သည့် အောင်တိုဘာ ၁၂ရက်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီတချို့ နှင့် တွေ့ဆုံရန်သက်မှတ်ထားသော်လည်း ရောက်ရှိလာခြင်းမရှိခဲ့ဘဲ အောင်တိုဘာ ၁၃ ရက်သို့ရက်ရွေ့ဆိုင်းခဲ့ဂာ ထပ်မံရောက်ရှိလာခြင်းမရှိသည့်အတွက် တွေ့ဆုံပွဲပျက်ပြယ်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့လက်ရှိအကျပ်အတည်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံခွင့်ရရန်တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရရှိသည့်အတွက် လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည့် ၃၈ ကြိမ်မြောက်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ပုဂ္ဂိုလ်တဦးကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *