NUG သမ္မတကြီးနှင့်နိူင်ငံတစ်ကာရောက်မြန််မာများဖြင့်ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြ

အမျိုးသားညီညွတ်ရေးအစိုးရ NUG
သမ္မတကြီးဦးဒူဝါလရှီးလ၊ KA/KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဘီထူးတို့နှင့်နိုင်ငံတကာရောက် မြန်မာများ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး

ရွှေဝါရောင် အရှင်ထာဝရ ဦးဆောင်သည့် The Satellite For Myanmar Democracy အဖွဲ့၏ ချိတ်ဆက်မှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUGသမ္မတကြီးဦးဒူဝါလရှီးလ၊ KA/KNPစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဘီထူးတို့နှင့် နိုင်ငံတကာရောက်

မြန်မာများဖြင့် ပါဝင်သည့် The Global Revolution for Youths Group Members များနှင့် မိတ်ဖက်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲအား အောက်တိုဘာလ ၁၈ရက် မြန်မာစံတော်ချိန် ည(၇:၀၀)နာရီက Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Zoom Meeting တွေ့ဆုံပွဲသို့ သမ္မတကြီးဦးဒူဝါလရှီးလမှ လက်ရှိ နိုင်ငံတကာ အခြေအနေ အခင်းအကျဉ်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအပါအဝင်၊ စစ်ရေး၊ စီးပွားရေးအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဩဝါဒ အမှာစကား ပြောကြားပေးခဲ့သည်။

အဆိုပါ အခမ်းအနား၌ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)နှင့် ရွှေဝါရောင်အရှင်ထာဝရ (နော်ဝေ)တို့မှလည်း အမှာစကားပြောကြားပေးခဲ့သည်။

အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ကရင်နီတပ်မတော် KA/KNPP စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောဘီထူး၊ NUG အစိုးရ သယံဇာတ ဒုဝန်ကြီးဦးခွန်ဘီထူနှင့် ကယား KNDF မှ ကော်မတီဝင်များ တက်ရောက်ကြသည်။

KA တပ်မတော်သည် ကယားပြည်နယ်အတွင်း တိုက်ပွဲများတွင် KNDF အဖွဲ့များအား ဗျူဟာနှင့် ဦးဆောင်မှုများ ပေးနေပြီး အရှုံးနဲ့ ရင်ဆိုင်နေရသည့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးစရာ အကြောင်းမရှိဟု ပြီးခဲ့သည့် KA တပ်မတော် သင်တန်းဆင်း အခမ်းအနား၌ ဗိုလ်ချုပ်စောဘီထူးမှ ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *