ဝါတွင်းကာလပီးသော်လည်း မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆက်လက်ဆွမ်းခံကြွမည့်သဘောရှိနေ

ဉေယျဓမ်တောရတွင် သီတင်းသုံးတော်မူသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဆွမ်းခံပိတ်သိမ်းမည့်ရက်ကို ဆရာတော်ကြီးမှ မိန့်ကြားခြင်းမရှိသေးကြောင်း နတ်တလူသာသနာပြုစခမ်းပြန်ကြားရေးအဖွဲ့ဝင် ကိုဝင်းမောင်အောင်က ပြောသည်။

“ဆွမ်းခံပိတ်မယ့် ရက်ကို အခုထိတော့ ဆရာတော်ကြီးက ဘာမှ မမိန့်သေးပါဘူး။ ဆရာတော်ကြီး ဝါဆိုလပြည့်တုန်းကတော့ မနက်ဖန် ဆွမ်းခံထွက်မယ်လို့ ဒီလောက်ပဲမိန့်တာပါ။ ဘယ်ရက်နားမယ်လို့ မမိန့်သေးပါဘူး”ဟု ၎င်းက ပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဝါတွင်းဆွမ်းခံကြွခြင်းကို ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှ စတင်ကာ ဆွမ်းခံကြွနေခြင်းဖြစ်ပြီး မနက်ဖန်တွင် သီးတင်းကျွတ်လပြည့်နေ့ ရောက်ပြီ ဖြစ်သည့်အတွက် ဝါတွင်းသုံးလပြီးဆုံးပြီဖြစ်သော်လည်း ဆရာတော်ကြီးမှ ဘာမှဆွမ်းခံပိတ်သိမ်းမည့်ရက်ကို မိန့်ကြားခြင်းမရှိသေးသည့်အတွက် ဆွမ်းခံဆက်လက်ကြွမည့် သဘောရှိနေကြောင်း ကိုဝင်းမောင်အောင်က ဆိုသည်။

မဟာဗောဓိမြိုင် ဆရာတော်ကြီးသည် ဆွမ်းခံကြွချိန်ကို ဖူးမျှော်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ တစ်နေ့လျှင် လူဦးရေ သောင်းနှင့်ချီပြီး လာရောက်ဖူးမျှော်လျက်ရှိကြောင်း နတ်တလူသာသနာပြုစခမ်းပြန်ကြားရေးအဖွဲ့မှ သိရသည်။

Zawgyi/

#PeopleMedia #မဟာဗောဓိမြိုင်

#PeopleMedia #မဟာဗောဓိမြိုင်

Leave a Reply

Your email address will not be published. Required fields are marked *