နိူင်င်ငံတစ်ကာကဖိအားတွေကြောင့်သာစစ်ကောင်စီက ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးတာလို့ ကုလအထူးကိုယ်စားလှယ်ပြော

ဖိအားတွေကြောင့်သာ စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာလို့ တွန် အန်ဒရူးစ် ပြော

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံပြီး အကျဉ်းချခံရ၊ အမှုရင်ဆိုင်နေရသူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာဟာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့်ဆိုပြီး မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ပြောလာပါတယ်။

အာဏာသိမ်းမှုဖြစ်အပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ထောင်ကျော်ကို စစ်တပ်က ပြန်လွှတ်ပေးတာကြိုဆိုပေမဲ့ ဒီလူပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်ကိုကျင့်သုံးရင်း တရားမဝင်ဖမ်းဆီးခံထားရသူတွေဖြစ်တယ်ဆိုတာကို မမေ့ဖို့လည်း လိုအပ်တယ်လို့ သူကပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ စိတ်ပြောင်းလို့ ဒီလူတွေကို ပြန်လွှတ်ပေးတာမဟုတ်ဘဲ ပြည်တွင်းပြည်ပဖိအားတွေကြောင့်သာ ပြန်လွှတ်ပေးတာလို့လည်း သူကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ (၁)ငွေကြေး၊ (၂)လက်နက်နဲ့(၃) တရားဝင်မှု စတဲ့အချက် ၃ ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေရဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လကုန်ပိုင်းကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်ကို မဖိတ်ဘူးလို့ အာဆီယံက ကြေညာတာ၊ ကုလအထွေထွေညီလာခံမှာ စစ်ကောင်စီရွေးချယ်တဲ့ကိုယ်စားလှယ်နေရာမရတာတွေဟာ နံပါတ် ၃ အချက်ကို ငြင်းပယ်ရာရောက်နေတယ်လို့လည်း သူကထောက်ပြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီအချက်တွေနဲ့ စစ်ကောင်စီကို ဆက်ဖိအားပေးနေမယ်ဆိုရင် မြန်မာပြည်သူတွေကို ကူညီရာရောက်သလို ပြည်သူရဲ့လူ့အခွင့်အရေးကို ကာကွယ်ပေးရာလည်းရောက်မယ်လို့ သူက ပြောထားပါတယ်။
zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *