ယနေ့နံနက်ပိုင်း ပုသိမ်တွင် Mytel တာဝါတိုင်ဖျက်စီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အထက ၆ ကျောင်းနားမှာရှိတဲ့ Mytel တာဝါတိုင်ဗုံးခွဲတာကို ဧရိယာ ၁၄ အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေထိခိုက်မှုမရှိအောင် ဖျက်ဆီးနိုင်ခဲ့တယ် လို့ ပြောပါတယ်။

” ဗုံးပေါက်တာ အသံက တော်တော်ကျယ်တယ် မြေကြီးတွေပါ တုန်သွားတာ မနက်ပိုင်းဘာဖြစ်မှန်းမသိဘူး ပြီးမှ တာဝါတိုင်ဗုံးခွဲခံရတာသိတာ”လို့ ဒေသခံ တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးသမားတွေကို ထိန်းချုပ်ဖို့အတွက် ပုသိမ်မြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်း စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံရတာလည်း ဖြစ်ပါတယ်။

ပုသိမ်မြို့မှာတော့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ဖျက်ဆီးခံရတာ ၃ ကြိမ်ထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *