စစ်ကောင်စီကပြန်လွှတ်ပေးနေတာကိုကျေးဇူတင်စရာမလိုဘူးလို့ NUG ဝန်ကြီးပြော

လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြိမ်ကြိမ်ရင်ဆိုင်ခံစားခဲ့ရတဲ့သူတွေကို အကြမ်းဖက်စစ်တပ်က ပြန်လွှတ်ပေးလိုက်တာ ကျေးဇူးတင်စရာမလိုဘူးလို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းပြော

စစ်တပ်ကအာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြိမ်ကြိမ်ရင်ဆိုင်ခံစားခဲ့ရတဲ့သူတွေကို လူသားချင်းစာနာထောက်ထားမှု အလေးထားသောအားဖြင့် အမှုပိတ်သိမ်းတာ၊ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်ဆိုတာကို ကျေးဇူးတင်စရာလို့ မဆိုနိုင်ပါဘူးလို့ NUG အစိုးရရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကသုံးသပ်ချက်ပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၁၈)ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူတွေနဲ့ တရားစွဲဆိုခြင်းခံရသူ (၅၀၀၀) ကျော်ကို အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုမတရားဖမ်းဆီးခဲ့ပြီးမှ ပြန်လည်လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ” လူ့အခွင့်အရေးအမျိုးမျိုးချိုးဖောက်ပြီးမှ လူသားချင်းစာနာမှုဆိုတဲ့ ခေါင်းစဉ်တပ်တာဟာ အိမ်တအိမ်လုံးကို မီးရှို့ပြီး ပြာကျသွားတော့မှ သနားလို့ဆိုပြီး ထမင်းထုတ်တထုပ် လာလှူသလိုဖြစ်နေပါတယ်” လို့ ဦးအောင်မျိုး ကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာက တဆင့်ပြောကြားခဲ့တာပါ။

ပြည်သူလူထုစိတ်နှလုံးအေးချမ်းစေဖို့ အမှန်တကယ်လိုလားရင်တော့ စစ်ကောင်စီခေါင်းဆောင်တွေကို မှန်ကန်တဲ့ တရားစီရင်မှုနဲ့ အပြစ်ပေးအရေးယူအောင် လုပ်ပေးတာအကောင်းဆုံးပါ လို့လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကသုံးသပ်ချက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *