ပြန်လွတ်လာမည့်သူများအား အင်းစိန်အကျဉ်းထောင်ရှေ့ ကြိုဆိုစောင့်ဆိုင်းနေသည့် မြင်ကွင်း
ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့ အောက်တိုဘာ ၁၉ရက်တွင် ပြန်လည်လွတ်မြောက်လာမည့် မဇ္ဈိမ တည်ထောင်သူ မသင်းသင်းအောင် အပါအဝင် ယနေ့လွတ်မည့်သူများကို မိသားစုဝင်များ၊ ပြည်သူများက နံနက်အစောပိုင်းတည်းက ကြိုဆိုစောင့်ဆိုင်းလျက်ရှိသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ အကျဉ်းကျခံနေရသူ ၁,၃၁၆ ဦးနှင့် တရားစွဲဆိုခံထားရသူ ၄,၃၂၀ ဦးကို လွှတ်ပေးကြောင်းကြေညာအပြီး ထိုသို့စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတည်းက နိုင်ငံတစ်ဝှမ်း မတရားဖမ်းဆီးခံထားရသည့် NLD ပါတီဝင်များ၊ သတင်းသမားများအပါအဝင် နိုင်ငံရေးအကျည်းသားများကို ပြန်လည်လွှတ်ပေးလျက်ရှိသည်။
Zawgyi/