ပြန်လွှတ်ပေးတဲ့ ၃၄ယောက်မှာ ၁၁ ယောက်ကို စစ်ကောင်စီ ပြန်ဖမ်း

ပြန်လွှတ်ပေးတဲ့ ၃၄ယောက်မှာ ၁၁ ယောက်ကို စစ်ကောင်စီ ပြန်ဖမ်း၊ စိတ်ဒဏ်ရာ ထပ်ပေးတာလို့ ဝေဖန်

စစ်ကောင်စီအနေနဲ့ မိတ္ထီလာ အကျဉ်းထောင်က ၃၄ ယောက်ကို မနေ့က ပြန်လွှတ်ပေမယ့် အဲဒီထဲက ၁၁ ယောက်ကို အကြမ်းဖက်ဥပဒေ၊ တခြားအမှုတွေနဲ့ ပြန်ဖမ်းထားပါတယ်။

NLD မိတ္တီလာမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလွင်မောင်မောင်၊ ပါတီဝင်တွေဖြစ်တဲ့ မိတ္ထီလာမြို့က ဦးသက်မောင်မောင်၊ ဒေါ်သင်းကြူအောင်၊ သာစည်မြို့နယ်က ဦးမြင့်သိန်းနဲ့ ဦးသော်ကြီး၊ သာစည်မြို့က သပိတ်ခေါင်းဆောင် ဒေါ်လေးလေးနိုင် အပါအဝင် ၁၁ ယောက်ကို ပြန်ဖမ်းထားတာပါ။

ဒေါ်လေးလေးနိုင်ကို စောင့်ကြိုခဲ့တဲ့လူတစ်ယောက်က ၅၀၅-က ကိုလွှတ်ပေမယ့် အခုလ ၇ရက်က ထပ်စွဲတယ်လို့ဆိုတဲ့ အကြမ်းဖက် ဥပဒေပုဒ်မ ၅၀-က၊ ၅၂-ည နဲ့ အချုပ်ထဲ ထားခဲ့ရပြီး လူချင်းမတွေ့ခဲ့ရဘူးလို့ လူမှုန်ကွန်ရက်မှာ ရေးပြီး ဖော်ပြပါတယ်။

“ငါတို့စိတ်ကို ဒဏ်ရာတွေ ထပ်ပေးတာပါ။အနာ ကိုဓားနဲ့ထပ်မွှန်းတာပါ” လို့ သူက ဝေဖန်မှတ်ချက်ပေးပါတယ်။

ဆန္ဒပြလို့ အကျဉ်းချခံနေရသူ ၁၃၁၆ နဲ့ တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို ပြန်လည် လွှတ်ပေးမယ်လို့ အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်က မနေ့ အောက်တိုဘာလ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ- မနေ့ည အင်းစိန်ထောင်က ပြန်လွတ်လာသူတွေကို YBS ယာဉ်နဲ့ ခေါ်ထုတ်လာစဉ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *