ယနေ့ည ရေပူကျောင်းဆရာတော်ကြီးပြန်လွှတ်လာပြီ

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရသည့် မိုးကုတ်မြို့မှ နာမည်ကျော် ရေပူကျောင်းဆရာတော် ပြန်လည်လွှတ်မြောက်လာကြောင်း ဆရာတော်နဲ့နီးစပ်သူများထံမှ သိရသည်။

ရေပူဆရာတော်က ဒီမိုကရေစီအရေး ငြိမ်ချမ်းစွာ တောင်းဆိုခဲ့မှုကြောင့် ပုဒ်မ ၅၀၅-ကဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုခဲ့ပြီး ထောင် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဆရာတော်အား ဧပြီလပိုင်း ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၆ လခန့်အကြာ ယနေ့ ညနေပိုင်းက ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည်။

ရေပူဆရာတော်နဲ့အတူ ထောင်ချခံခဲ့ရသူများအနက် ဆရာတော်နှင့် အနီးကပ်ရှိ်ခဲ့သည့် ဦးဇင်းတစ်ပါးလည်း ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

စစ်ကောင်စီက မတရားဖမ်းဆီးခံ ထားသည့် ဒီမိုကရေစီအရေး တောင်ဆိုသူများအနက် တချို့ကို ပြန်လည်လွှတ်ပေးနေခြင်းဖြစ်သည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *