အာဆီယံက NUG ကိုမလိုလားပဲ မိမိအစိုးရကိုသာလိုအပ်ကြောင်း စစ်ကောင်စီဥက္ကဌပြော

အာဆီယံသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ကို မတောင်းဆိုဘဲ စစ်ကောင်စီကိုသာ တောင်းဆိုနေကြောင်း အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“သူတို့အကြမ်းဖက် လုယက်သတ်ဖြတ် ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တား ထိန်းသိမ်းမှုတွေ ပြုလုပ်တာ မတွေ့ရပါဘူး။ ကျနော်တို့ကိုပဲ တောင်းဆိုမှုတွေပြုလုပ်ပြီးမှ ကျနော်တို့ပဲ ရှင်းလင်းမှုတွေ လုပ်နေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက် သီတင်းကျွတ်ကာလအထိမ်း အမှတ်အဖြစ် စစ်တပ်က ထိန်းချုပ်ထားသည့် နိုင်ငံပိုင် သတင်းဌာနမှ တဆင့် ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်နိုင်ရေးကိစ္စ အထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီတို့အကြား ၂ ဖက် ညှိနှိုင်းမှုများရှိသော်လည်း အထူးကိုယ်စားလှယ်၏ တောင်းဆိုမှုများတွင် ညှိနှိုင်း၍ မရနိုင်သည်များ ရှိကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာဆီယံ အစည်းအဝေးတွေကိုလည်း အာဆီယံရဲ့ အခြေခံမူများနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မကြာမီရက်ပိုင်းက ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဏာသိမ်းမြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ စီစဉ်ထားသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ရုပ်မြင်သံ ကြားမှ တဆင့် အာဆီယံနှင့် ပတ်သက်၍ တုံ့ပြန်ပြောလာခြင်း ဖြစ်သည်။

Zawgyi/

အာဆီယံသည် အကြမ်းဖက်မှုများနှင့် ပတ်သက်ပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ကို မတောင်းဆိုဘဲ စစ်ကောင်စီကိုသာ တောင်းဆိုနေကြောင်း အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“သူတို့အကြမ်းဖက် လုယက်သတ်ဖြတ် ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တား ထိန်းသိမ်းမှုတွေ ပြုလုပ်တာ မတွေ့ရပါဘူး။ ကျနော်တို့ကိုပဲ တောင်းဆိုမှုတွေပြုလုပ်ပြီးမှ ကျနော်တို့ပဲ ရှင်းလင်းမှုတွေ လုပ်နေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက် သီတင်းကျွတ်ကာလအထိမ်း အမှတ်အဖြစ် စစ်တပ်က ထိန်းချုပ်ထားသည့် နိုင်ငံပိုင် သတင်းဌာနမှ တဆင့် ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်နိုင်ရေးကိစ္စ အထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီတို့အကြား ၂ ဖက် ညှိနှိုင်းမှုများရှိသော်လည်း အထူးကိုယ်စားလှယ်၏ တောင်းဆိုမှုများတွင် ညှိနှိုင်း၍ မရနိုင်သည်များ ရှိကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာဆီယံ အစည်းအဝေးတွေကိုလည်း အာဆီယံရဲ့ အခြေခံမူများနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မကြာမီရက်ပိုင်းက ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဏာသိမ်းမြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ စီစဉ်ထားသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ရုပ်မြင်သံ ကြားမှ တဆင့် အာဆီယံနှင့် ပတ်သက်၍ တုံ့ပြန်ပြောလာခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *