အမှု့ရုပ်သိမ်းလိုက်တဲ့အနုပညာရှင်တွေကိုသုံးရက်အတွင်းအပြီးလွှတ်ပေးမည်ဟုသိရ

စစ်ကောင်စီကအမှု့သိမ်းရုပ်သိမ်းလိုက်တဲ့ အနုပညာရှင်တွေကို သုံးရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိ

စစ်ကောင်စီကနေ အမှု့ရုပ်သိမ်းလိုက်တဲ့ ထိန်းသိမ်းခံ အနုပညာရှင်တွေကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်ကစပြီး ၃ရက်အတွင်း အပြီးလွှတ်ပေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ရှေ့နေတွေထံကသိရပါသည်။

စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်္မှာဖော်ပြချက်အရ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်တိုက်ခိုက်္မှု့တွေမှာပါဝင်သူတွေမှအပ ဆန္ဒပြဖြစ်စဉ်တွေနဲ့ ဆန့်ကျင်လှုံ့ဆော်မှုတွေမှာပါဝင်ခဲ့လို့ အရေးယူခံထားရသူတွေကို ဖြေလျှော့ပေးလိုက်တယ်လို့ ပါရှိပါသည်။

ဆန္ဒပြစဉ်ကပါဝင်ခဲ့ခြင်း၊ လူမှု့ကွန်ရက်ကို အသုံးပြုပြီး ဆန့်ကျင်လှုံ့ဆော်မှု့တွေကို ပြုလုပ်ခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က အရ အရေးယူခံထားရတဲ့ အနုပညာရှင် (၂၄)ဦးနဲ့ လူမှု့ကွန်ရက်မှာလူသိများသူ ၁၀ ဦးကို အရေးယူထားတဲ့ ဥပဒေနဲ့အညီ ပိတ်သိမ်းတယ်လို့ ဆိုပါသည်။

အနုပညာရှင်အချို့ရဲ့ ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ ဒီကနေ့ ကနေ စတင်လွှတ်ပေးဖို့ ပြင်ဆင်နေပြီး ဒီနေ့ အပါအဝင် ၃ရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိတယ်လို့ သိရကြောင်းပြောပါတယ်။

အမှုရုပ်သိမ်းပြီးပြန်လည်လွတ်မြောက်ကြမယ့်အထဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ပိုင်တံခွန် နဲ့ ပိုပို တို့အပါအဝင်အခြားထင်ရှားသူအချို့ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘီဘီစီအနေနဲ့ ကတော့ ပြန်လည်လွတ်မြောက်မယ့် အနုပညာရှင်တွေစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီနေ့မှာ အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ ၁၃၀၀ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးထားသလို တရားရုံးအသီးသီးမှာအမှုရင်ဆိုင်ဆဲ လူဦးရေ ၃၀၀၀ကျော်ကို လည်း အမှု့ကနေ ရုပ်သိမ်းပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *