အေးအေးချမ်းချမ်းနှင့်တိုင်းပြည်ကိုဖွံ့ဖြိုးပြောင်းလဲစေချင်သည့်ဆန္ဒရှိနေဟုမင်းအောင်လှိုင်ဆို

အေးအေး ချမ်းချမ်းနှင့် တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်သည့် ဆန္ဒရှိနေဟု နစကဥက္ကဋ္ဌဆို

ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ သူ နားလည်တဲ့အကြောင်းနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစစ်စစ် နိုင်ငံတစ်ခု ဖြစ်လာရေး ရည်မှန်းဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌက ဒီကနေ့မှာ ပြောဆိုပါတယ်။

“အေးအေး ချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်တဲ့ဆန္ဒရှိပါတယ်”လို့လည်း နစကဥက္ကဋ္ဌက သူ့ရဲ့သဘောထားကိုပြောပါတယ်။

ဒါကြောင့် ဆန္ဒပြမှုတွေမှာပါပြီး ပြစ်ဒဏ်ကျမှုခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူတွေ ကို လာမယ့်သီတင်းကျွတ်အခါသမယမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ဖို့အတွက်လတ်ငြိမ်းချမ်းသာခွင့်တွေပေးခဲ့တာဖြစ်တယ်လို့လည်း နစကဥက္ကဋ္ဌလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

“ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေငြာမှုပေါ်မှာ သဘောထားကွဲလွဲပြီး ဒီအပေါ်မှာအခြေခံတဲ့ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာ ကျွန်တော်တို့တွေ့ရှိရပါတယ်၊ သူတစ်ပါးတွေရဲ့ သွေးထိုးလှုံ့ဆော်မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေအပြင် အကြမ်းဖက်လုပ်ရပ်သတ်ဖြတ် ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်၊ အချို့က ပြဿနာတွေကိုကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီးတော့မှ လှုံ့ဆော်တာတွေရှိပါတယ်၊ ဒီထက်လွန်ကဲပြီးတော့မှ အကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့တာရှိပါတယ်၊ ဒါတွေကို ကျွန်တော်တို့ ဖော်ထုတ်အရေးယူထားတာတွေရှိပါတယ်၊ တိုင်းပြည်တစ်ခုဟာ နိုင်ငံ ရေးအယူအဆ သဘောထားမတူညီမှုကတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခု အခြေအနေမျိုး ဖြစ်ပွားခဲ့ရာမှာ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်ပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်”လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

zawgyi/

အေးအေး ချမ်းချမ်းနှင့် တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်သည့် ဆန္ဒရှိနေဟု နစကဥက္ကဋ္ဌဆို

ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ သူ နားလည်တဲ့အကြောင်းနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစစ်စစ် နိုင်ငံတစ်ခု ဖြစ်လာရေး ရည်မှန်းဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌက ဒီကနေ့မှာ ပြောဆိုပါတယ်။

“အေးအေး ချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်တဲ့ဆန္ဒရှိပါတယ်”လို့လည်း နစကဥက္ကဋ္ဌက သူ့ရဲ့သဘောထားကိုပြောပါတယ်။

ဒါကြောင့် ဆန္ဒပြမှုတွေမှာပါပြီး ပြစ်ဒဏ်ကျမှုခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူတွေ ကို လာမယ့်သီတင်းကျွတ်အခါသမယမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ဖို့အတွက်လတ်ငြိမ်းချမ်းသာခွင့်တွေပေးခဲ့တာဖြစ်တယ်လို့လည်း နစကဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

“ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေငြာမှုပေါ်မှာ သဘောထားကွဲလွဲပြီး ဒီအပေါ်မှာအခြေခံတဲ့ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာ ကျွန်တော်တို့တွေ့ရှိရပါတယ်၊ သူတစ်ပါးတွေရဲ့ သွေးထိုးလှုံ့ဆော်မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေအပြင် အကြမ်းဖက်လုပ်ရပ်သတ်ဖြတ် ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်၊ အချို့က ပြဿနာတွေကိုကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီးတော့မှ လှုံ့ဆော်တာတွေရှိပါတယ်၊ ဒီထက်လွန်ကဲပြီးတော့မှ အကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့တာရှိပါတယ်၊ ဒါတွေကို ကျွန်တော်တို့ ဖော်ထုတ်အရေးယူထားတာတွေရှိပါတယ်၊ တိုင်းပြည်တစ်ခုဟာ နိုင်ငံ ရေးအယူအဆ သဘောထားမတူညီမှုကတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခု အခြေအနေမျိုး ဖြစ်ပွားခဲ့ရာမှာ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်ပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်”လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *