အဆိုတော် ကျားပေါက်အား မိဘများမှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာ

အဆိုတော် ကျားပေါက်အား ဖခင်ဖြစ်သူ အဆိုတော် ရင်ဂိုနှင့် မိခင်ဖြစ်သူ ဒေါ်မွန်မွန်ကျော်တို့က သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာစာအား ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် ကြေးမုံသတင်းစာတွင် ​ဖော်ပြထား သည်။

အဆိုပါ ကြေညာစာတွင် သားဖြစ်သူ မောင်ဟန်ထူးလွင်သည် မိဘ၏ ဆိုဆုံးမမှုအား နားမထောင်ဘဲ ၎င်းသဘော ဆန္ဒအလျောက် နေအိမ်မှထွက်ခွာ သွားပါသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်ပါကြောင်းနှင့် နောက်နောင် ၎င်းနှင့် ပတ်သက်သော ကိစ္စအဝဝများအား တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း တရားလွှတ်တော်ရှေ့နေမှ တဆင့် ကြေညာထားသည်။

အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင် သည် ၎င်းကိုယ်တိုင် Doodle Art ရေးဆွဲထားသည့် Ukulele ဂစ်တာကို လေလံတင် ရောင်းချခဲ့ရာ ယမန်နေ့ညတွင် ကမ္ဘာ့အမြင့်ဆုံး ဈေးဖြင့် လေလံ အောင်မြင်ခဲ့သည်။

အဆိုပါ လေလံတင်ရောင်းချမည့် ငွေကြေးကိုလည်း NUG အစိုးရထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုတော် ကျားပေါက်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီ ၅၀၅ (က) ထုတ်ထားသော်လည်း ယနေ့အချိန်ထိ ကျရာအခန်းကဏ္ဍမှ ဆက်လက်ပြီး ပါဝင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေသော အနုပညာရှင်တယောက် ဖြစ်သည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *