ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့်နိူင်ငံရေးလှုပ်ရှားသူများကို သီတင်းကျွတ်ကာလအတွင်းပြန်လွှတ်ပေးမည်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုံ့ဆော်ဆန္ဒပြရာမှာပါဝင်ပြီး ဖမ်းဆီးခံထားရသူ အချို့ကို စိစစ်ပြီး လာမယ့် သီတင်းကျွတ်အခါသမယနေ့မှာ ပြန်လည်လွှတ် ပေးသွား ရန်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၁၁နာရီခွဲအချိန်မှာ ရုပ်မြင်သံကြားမှတစ်ဆင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

” အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှု များမှာ ပါဝင်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကျခံရသူများနဲ့ အမှုစိစစ်ဆဲသူများမှ သင့်လျော်သူများကို လာမယ့် သီတင်းကျွတ်အခါသမယမှာ လွှတ်ငြိမ်းချမ်းသာခွင့်များ ပေးမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်”လို့ ၎င်းက ပြောပါတယ်။

ဒါ့ပြင် ပြီးခဲ့သည့် ပြည်ထောင်စုနေ့၊ နှစ်ဆန်းတစ်ရက်နေ့၊ အောက်တိုဘာလ ၁၅ရက်နေ့ ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့တို့မှာလည်း လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့တယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့ပါတယ်။

ထို့နောက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံသည့် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာရေးဖြစ်ကာ အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခုကို ပြောင်းလဲစေချင်သောဆန္ဒရှိကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။
zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *