ဖလမ်းမြို့အနီးက စစ်ကား ၉ စီးဖျက်စီးခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး တားလ်ကျေးရွာနားတွင် စခန်းချနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကား ၉ စီးကို မနေ့ အောက်တိုဘာ ၁၇ ရက်ညက CNF, CNDF, CDF ပူးပေါင်းတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးတယ်လို့ သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကားအစီး ၆၀ လောက်ဟာ အောက်တိုဘာ ၁၃ ရက်မနက်က ဖလမ်းမြို့ကနေဟားခါးဘက်သို့ထွက်ခွာပြီး ဖလမ်းမြို့အကျော်တွင် ယနေ့ထိ ရှေ့ဆက်မသွားနိင်ပဲပိတ်မိနေပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူက “မနေ့ညက တားလ်ရွာနားက စစ်ကား ၉ စီးဖျက်ဆီးလိုက်တယ်။ တချို့စစ်ကားတွေဆို ဘီးကျွတ်ထွက်သွားတာလည်းရှိတယ်။ လူသေစာရင်းကတော့မသိရသေးဘူး။ ဒီမနက်မှာ ဖလမ်းမြို့ကနေ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်တယ်။ ဂျက်လေယာဉ်အသံလည်းကြားရတယ်” လို့ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်ညကလည်း ချင်းတပ်တွေက စစ်ကား ၇ စီး‌ဗုံးခွဲတိုက်ခိုက်လို့ပျက်ဆီးသွားပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *