စက္ကူရွှေ (Paper Gold) ကို ဘဏ်မှတစ်ဆင့် ရောင်းချနိုင်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YEGA) နှင့် Shwe Bankဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ဆွေးနွေးခဲ့ကြကြောင်း YEGAမှ သိရသည်။
စက္ကူရွှေ (Paper Gold) ဆိုသည်မှာ ကိုယ့်မှာရှိနေသည့် ရွှေကို ဘဏ်တွင် အပ်ထားနိုင်ပြီး ရွှေဝယ်ယူလိုပါကလည်း ဘဏ်များတွင် ရွှေဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
YGEA အသင်းမှ ရောင်းချပေးမည့် ရွှေများကို ဘဏ်တွင် အပ်နှံပေးထားမည်ဖြစ်ပြီး၊ အဆိုပါ ရွှေများကို ပြည်သူလူထုက ဘဏ်တွင် တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ဝယ်ယူလိုက်သည့် ရွှေများကိုလည်း ဘဏ်တွင် ပြန်လည်အပ်နှံနိုင်သလို ရွှေသားကို ရယူလိုပါကလည်း တခါတည်း ရယူနိုင်ကြောင်း သိရသည်။
ထိုသို့ ဘဏ်ဖြင့် ချိတ်ဆက် ရောင်းချပေးရာတွင် ဝယ်ယူသူများ အနေဖြင့် ယခင်က ဘဏ်တွင်ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်ရှိ ငွေများဖြင့် ဝယ်ယူနိုင်မည်မဟုတ်ဘဲ ဘဏ်အကောင့်အသစ်ဖွင့်ပြီး ယင်းအကောင့် ငွေသားဖြင့်သာ ဝယ်ယူမှသာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi/