ယနေ့မနက်တံတွေးမြို့ အုပ်ချူပ်ရေးမှူးတစ်ဦးပစ်ခံရ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် လာကပုံ ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

လာကပုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် ယနေ့ နံနက် ၇ နာရီကျော်တွင် နောက်စေ့ကို ပစ်ခတ်ခံရ၍ သေ ဆုံးခြင်းဖြစ်ပြီး တွံတေးမြို့နယ် မြို့ပြပြောက်ကျားအဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“သူက သတင်းပေးတယ်။ ပြီးတော့ ဧည့်စာရင်းတို့၊ သန်ခေါင်းစာရင်း လိုက်ကောက်တာတို့ မီတာခဆောင်ခိုင်းတာတို့ အဲဒီလိုတွေ ဆိုးတယ်” ဟု ဒေသခံတဦးက ဆို သည်။

ယခုဖြစ်စဉ် မတိုင်မီ အဆိုပါ အုပ်ချုပ်ရေးမှူး၏ အိမ်ကို ဗုံးဖြင့် ပစ်ခတ်ခံရမှုလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *