ယနေ့ည မှာတော့ကမ္ဘာစျေးအကြီးဆုံးဂီတာအဖြစ်စံချိန်တင်သွားခဲ့ပြီ

ဘဝမှာ ဂုဏ်ယူဝင့်ကြွားစရာ နောက်ထပ်တစ်ခုကို လုပ်နိုင်လိုက်ပြီ ဆိုပါတော့။

လေလံကြမ်းခင်းစျေး $1000 ကို မဝံ့မရဲဖြစ်နေလို့ ဇွတ်အတင်းပြောရတဲ့ ကိုကျားကတော့ သူ့ရဲ့ကမ္ဘာ့စျေးအမြင့်ဆုံး Ukulele တော်လှန်ဂစ်တာလေးအတွက် ဘယ်လောက် ဂုဏ်ယူနေလိုက်မလဲ။

လေလံအောင်သွားတဲ့ပုဂ္ဂိုလ်ဆိုတာကလည်း ဒီပိုက်ဆံလောက်ကို ဘတ်ခနဲ လွယ်လွယ်ပေးနိုင်တဲ့ ရေပေါ်ဆီအသိုင်းအဝိုင်းက မဟုတ်။ ပြည်ပမှာ ခက်ခက်ခဲခဲရှာဖွေထားရတဲ့ ရိုးသားစစ်မှန်တဲ့ငွေကို တော်လှန်ရေးအတွက် ဆက်တိုက်လှူဒါန်းပေးလာတဲ့သူ။

ကိုယ် ခရီးသွားရင်း ဒီအစ်ကိုနဲ့ ဆုံခဲ့ဖူးတယ်။ သူလှူဒါန်းပေးနေတဲ့ ငွေကြေးတွေက ကားအကောင်းစားကြီးတစ်စီးမက အေးဆေးဝယ်လို့ရပေမယ့် သာမန်ကားလေးစီးပြီး ရသမျှ ရှာသမျှငွေကို တော်လှန်ရေးအတွက် ပံ့ပို့ပေးနေတဲ့သူ။

လေလံအပြိုင်ပေးနေတဲ့ အစ်မနှစ်ယောက်ဆိုရင်လည်း ပြည်ပမှာ ရုန်းကန်ရှာဖွေထားတဲ့ စစ်မှန်ရိုးသားတဲ့ငွေတွေကို အနှမျောမရှိ တဒိန်းဒိန်းလိုက်ပေးနေကြတာ။ နောက်ဆုံးမိနစ်မှာ နှလုံးသားက ခုန်ထွက်တော့မယ့်အတိုင်းပဲ။

ဂုဏ်ယူတယ်။ ကမ္ဘာ့စျေးအကြီးဆုံးUkulele ဂစ်တာအဖြစ် မှတ်တမ်းဝင်နိုင်တော့မယ့် လေလံပွဲကို ပါဝင်ကူညီနိုင်တာ ဂုဏ်ယူတယ်။ ဘယ်ရေပေါ်ဆီသူခိုးအသိုင်းအဝိုင်းမှ မပါဘဲ ဒီမိုကရေစီလိုလားတဲ့ စစ်မှန်တဲ့ပြည်သူတွေဆီက မေတ္တာအင်အားနဲ့ ကမ္ဘာ့စံချိန်ကို ရောက်နိုင်ခဲ့တာ ဂုဏ်ယူတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *