မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူနေရာ ပြောင်းလဲ

ရန်ကုန် မေ ၁၉

၂၀၂၂ကမ္ဘာ့ဖလား (အာရှဇုန်) ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူ‌
နေရာကို ပြောင်းလဲရန် စီစဉ်လျက်ရှိသည် ။

လက်ရှိ မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်ချုပ်သူအဖြစ် ငွေခေတ် လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်က နောက်ဆုံးတာဝန်ယူခဲ့ပြီး ယခုအခါ အသင်းအုပ်ချုပ်သူအဖြစ် ဘောလုံးအဖွဲ့ချုပ် လက်ရွေးစင်ဌာန ဌာနမှူး ဦးထွန်းထွန်းအောင်ကို ခန့်အပ်ရန်ရှိနေခြင်းဖြစ်ကြောင်း ဘောလုံးလောကနှင့်နီးစပ်သူအသိုင်းအဝိုင်းက ဆိုသည်။

ဦးသန်းတိုးအောင်သည် ဘောလုံးအဖွဲ့ချုပ်နည်းစနစ်ကော်မတီဥက္ကဌအဖြစ် တာဝန်ယူနေသူဖြစ်သလို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်လည်း ဖြစ်သည်။

စစ်တပ်မှ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းယူပြီနောက်ပိုင်း ဦးသန်းတိုးအောင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ရာထူးဖြင့် CDM လုပ်ခဲ့ပြီးနောက် ယခုလို လက်ရွေးစင်အသင်းအုပ်ချုပ်သူနေရာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲယှဉ်ပြိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ မေ ၂၁ ရက်တွင် ထွက်ခွာမည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ လက်ရွေးစင်ဘောလုံးအသင်း၏ အုပ်ချုပ်သူနည်းပြအဖွဲ့ဝင်နှင့် ကစားသမားစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ပုံစာ- လက်ရွေးစင်အသင်းအုပ်ချုပ်သူဟောင်း ဦးသန်းတိုးအောင်

ဓာတ်ပုံ- ဘောလုံးအဖွဲ့ချုပ်

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *