အာဆီယံကိုစိတ်ပျက်မိတယ် နိူင်ငံရေးဝန်ကြီးဌာနမှ ဝဏ္ဏမောင်လွင်ပြော

အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အပါအဝင် မြန်မာနိ်ုင်ငံနဲ့ ပတ်သက်လို့ အသင်းကြီးရဲ့ ရပ်တည်ချက်ကို မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။ ဒီလနှောင်းပိုင်း ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက စနေနေ့မှာ တရားဝင် ကြေညာလိုက်ပြီးနောက် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာတော့ ဒေသတွင်း လုံခြုံရေးနဲ့ စည်းမျဉ်းစည်းကမ်းအခြေခံ အဖွဲ့အစည်းတခုအဖြစ် အာဆီယံရဲ့ ညီညွတ်မှု၊ ယုံကြည်ကိုးစားခံရမှုနဲ့ အရေးပါမှုတွေအပေါ်မှာ မြန်မာနိုင်ငံပြဿနာက ရိုက်ခတ်လာနေတာကြောင့် အဖွဲ့ဝင်တွေ စိုးရိမ်နေကြောင်း ဖော်ပြထားတာပါ။

မြန်မာစစ်ခေါင်းဆောင်အစား နိုင်ငံရေးကဏ္ဍက မဟုတ်တဲ့သူ တယောက်ယောက်ကိုသာ လက်ခံဖို့ သောကြာနေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး နောက်တရက်မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံက ကိုယ်စားပြု တက်ရောက်မယ့် သူတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ကြီးရဲ့ အခြေခံမူတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အထူးကိုယ်စားလှယ်တဦးကို တာဝန်ပေးဖို့ အပါအဝင် အာဆီယံက ဧပြီလထဲမှာပဲ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေးနေကြတာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုထားသလို အမေရိကန် နိုင်ငံခြားရေးဌာနကလည်း သောကြာနေ့ကပဲ အလားတူ တောင်းဆိုထားပါတယ်။

(Unicode)

အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အသင်းကြီးရဲ့ ရပ်တည်ချက်ကို မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။ ဒီလနှောင်းပိုင်း ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက စနေနေ့မှာ တရားဝင် ကြေညာလိုက်ပြီးနောက် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာတော့ ဒေသတွင်း လုံခြုံရေးနဲ့ စည်းမျဉ်းစည်းကမ်းအခြေခံ အဖွဲ့အစည်းတခုအဖြစ် အာဆီယံရဲ့ ညီညွတ်မှု၊ ယုံကြည်ကိုးစားခံရမှုနဲ့ အရေးပါမှုတွေအပေါ်မှာ မြန်မာနိုင်ငံပြဿနာက ရိုက်ခတ်လာနေတာကြောင့် အဖွဲ့ဝင်တွေ စိုးရိမ်နေကြောင်း ဖော်ပြထားတာပါ။

မြန်မာစစ်ခေါင်းဆောင်အစား နိုင်ငံရေးကဏ္ဍက မဟုတ်တဲ့သူ တယောက်ယောက်ကိုသာ လက်ခံဖို့ သောကြာနေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး နောက်တရက်မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံက ကိုယ်စားပြု တက်ရောက်မယ့် သူတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ကြီးရဲ့ အခြေခံမူတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အထူးကိုယ်စားလှယ်တဦးကို တာဝန်ပေးဖို့ အပါအဝင် အာဆီယံက ဧပြီလထဲမှာပဲ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေးနေကြတာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံးနဲ့ တေ့ွခွင့်ပေးဖို့ တောင်းဆိုထားသလို အမေရိကန် နိုင်ငံခြားရေးဌာနကလည်း သောကြာနေ့ကပဲ အလားတူ တောင်းဆိုထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *