တပ်မတော်မှ မီဒီယာကောင်းတွေမွေးထုတ်ဖို့လိုနေပြီ

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သတင်းမီဒိယာများကို နှိမ်နင်းရန် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ – NUD ဥက္ကဌ ဦးစိန်ဝင်းက အာဏာသိမ်း စစ်ကောင်စီကို ၎င်း၏လာမှုကွန်ရက်မှတဆင့်တိုက်တွန်းခဲ့ကြောင်း သိရသည်။

မင်းအလုပ် မင်းလုပ်ပါစေ။ မီဒီယာကို မနိုင်ရင် အကြမ်းဖက်လည်း မနှိမ်နှင်းနိုင်ဘူး။ တရားမျှတတဲ့ရွေးကောက်ပွဲလည်း မကျင်းပနိုင်ဘူးဆိုတာ မှန်းဆလို့ရနေတယ်။ အနောက်နိုင်ငံကြိုးဆွဲ မီဒီယာ၊ မီဒီညာတွေကိုဘယ်လို့နှိမ်နှင်းမလဲ။ အခုအချိန်က အချိန်မှီသေးတယ်ဟု NUD ပါတီ ဥက္ကဌဦးစိန်ဝင်းက သူ့ရဲ့လူမှုကွန်ရက်တွင်ရေးသားထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ် တာဝန်ထမ်းဆောင်ခဲ့သူ NUD ပါတီဥက္ကဠ ဦးစိန်ဝင်း၏ ပြောဆိုချက်မှာသတင်းမီဒီယာများကို အပုတ်ချသော စကားများဖြစ်၍ ကန့်ကွက်ရှုတ်ချကြောင်း ဧရာဝတီတိုင်း သတင်းသမားများအဖွဲ့ – AJS က ပြောသည်။

ဦးစိန်ဝင်းလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်လောက်လုပ်ခဲ့တဲ့သူဟာ မီဒီယာရဲ့သဘောသဘာဝကိုနားလည်ပြီးသားပါ။ ကျနော်တို့ မြန်မာနိုင်ငံက သတင်းမီဒီယာအများစုဟာ ကြံ့ခိုင်ရေးပါတီအစိုးရခေတ်ကလည်းပြည်သူဘက်က ရပ်တည်ပြီး ရေးသားခဲ့တယ်။ NLD အစိုးရလက်ထက်မှာလည်း ပြည်သူဘက်ကပဲ ရပ်တည်ခဲ့ကြတယ်။ အခု စစ်အာဏာသိမ်းခေတ်မှာလည်း စစ်ကောင်စီက လိုက်ဖမ်းနေတဲ့ကြားက ဒုက္ခပေါင်းစုံကြားထဲက ပြည်သူဘက်က ရပ်တည်ပြီး ရေးသားနေတယ်။ ဒီမိုကရေစီစနစ်မှာ သတင်းမီဒီယာဆိုတာ မဏ္ဍိုင်တစ်ခုအနေနဲ့အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေတယ်ဆိုတာ ဦးစိန်ဝင်း မသိဘူးလားလို့ မေးချင်တယ်။ မီဒီယာကို နှိမ်နင်းတယ်ဆိုတာ အာဏာရှင်နိုင်ငံမှာပဲ ရှိတယ်။ ဒီမိုကရက်တစ်ပါတီလည်း ပြောတယ် မီဒီယာကို နှိမ်နင်းပါဆိုတာက ဘယ်လိုမှကျိုးကြောင်းဆီလျော်မှုမရှိဘူး။ ကျနော်တို့ ကန့်ကွက်ရှုတ်ချတယ်ဟု AJS အလုပ်အမှုဆောင်ကော်မတီဝင် ကိုမင်းထက်မုန်းက ပြောသည်။

ဦးစိန်ဝင်းသည် NLD ပါတီ ကိုယ်စားပြု၍ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် ကြိမ်တိုင် အနိုင်ရကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဦးစိန်ဝင်းမှာ NLD အမတ်အချင်းချင်း အမှုဖွင့် တရားစွဲဆိုခြင်းများ ပြုလုပ်ပြီး ပါတီ၏လမ်းညွှန်မှုကို မလိုက်နာဟုဆိုကာ ၎င်းအား NLD ပါတီက ထုတ်ပယ်ခြင်းခံရပြီးနောက် NUD ပါတီကို ဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *