သူနာပြုဝန်ထမ်းများကို အစစအရာရာထောက်ပံပေးသွားမည်၊ ဘဝတက်လမ်းနှင့်ရာထူးတိုးမြင့်အစီစဉ်များကိုပါပြုလုပ်ပေးသွားမည်လို့ စစ်ကောင်စီဆို

သင်တန်းပြီးဆုံးသည်နှင့် တပြိုင်နက် သူနာပြုသင်တန်းသူ၊သင်တန်းသားများအား နိုင်ငံဝန်ထမ်းအဖြစ်ချက်ချင်းခန့်အပ်မည်ဟု နစကကျန်းမာရေးဝန်ကြီးဆို

ကျန်းမာရေးဝန်ထမ်းများနှင့်သူနာပြုများသည် ပြည်သူများအတွက်မရှိမဖြစ် ဝန်ထမ်းများဖြစ်၍ နေပြည်တော်သူနာပြုသင်တန်းကျောင်းမှ သင်တန်းများအတွက် စားသောက်ရေးအဆင်ပြေစေရန် သင်တန်းများပြီးသည်အထိ ဆန်နှင့်ဆီများထောက်ပံ့မည်ဟု နေပြည်တော်ကောင်စီဥက္ကဌက ပြောသည်။

နေပြည်တော်ကုတင်၁၀၀၀ဆေးရုံဝင်းအတွင်းရှိ နေပြည်တော်သူနာပြုသင်တန်းကျောင်းသို့ အောက်တိုဘာ၁၆ရက်က သွားစဉ်ပြောကြားခြင်းဖြစ်ကာ အတူလိုက်ပါခဲ့သည့် နစကကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကလည်း သင်တန်းပြီးဆုံးသည်နှင့် တပြိုင်နက် သူနာပြုသင်တန်းသူ၊သင်တန်းသားများအား နိုင်ငံဝန်ထမ်းအဖြစ်ချက်ချင်းခန့်အပ်မည်ဟု သူနာပြုသင်တန်းတက်ရောက်နေသူများအား ပြောဆိုခဲ့သည်။

“အလုပ်ဝင်ပြီးပါကလည်း ဝတ်စုံစားရိတ်၊စားစရိတ်၊ညဂျူတီတာဝန်ကျစရိတ်၊နိုင်ငံတော်မှ ထောက်ပံ့ပေးငွေ စသည့်တို့ကိုဆောင်ရွက်ပေးနေပြီး ဘဝတက်လမ်းနှင့်ရာထူးတိုးမြှင့်ရေးအခွင့်အလမ်းများတိုးမြှင့်ဆောင်ရွက်ပေးရန်စီစဉ်ထားသည်များရှိပါကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းနှင့်ဝေးကွာနေသော မိတ်ဆွေသူငယ်ချင်းများအား ကောင်းမွန်သည့်အတွေ့အကြုံများအား တဆင့်မျှဝေပေးကြရန်” နစကကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောဆိုခဲ့သည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *