တက္ကသိုလ်များကို နိုဝင်ဘာလအတွင်းမဖြစ်မနေပြန်ဖွင့်ရမည်လို့ စစ်ကောင်စီလောက်အောက်ခံ ပညာရေးဝန်ကြီးဆို

ပိတ်ထားသည့် တက္ကသိုလ်ကောလိပ်များပြန်ဖွင့်ဖို့ နစကပညာရေးဝန်ကြီးဌာနစီစဉ်ကိုဗစ်ကြောင့် ခေတ္တယာယီပိတ်ထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် နစကပညာရေးဝန်ကြီးဌာန က စီစဉ်နေသည်။

ယခုရက်ထဲ နေပြည်တော်ရှိ နစက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဝန်ကြီးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ကောလိပ်များ ပြန်ဖွင့်နိုင်ရေးအဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက လမ်းညွှန်ချက်ပေးခဲ့သည်။

“ဝန်ထမ်းစည်းမျဉ်း စည်းကမ်းကျင့်ဝတ်များနှင့် ဥပဒေလုပ်ထုံးလုပ်နည်း များဆိုင်ရာ မွမ်းမံသင်တန်းများကို နိုဝင်ဘာလအတွင်း မဖြစ်မနေ ဖွင့်လှစ်ဆောင်ရွက်ပေးကြစေလိုပါသည်”ဟု ဝန်ကြီးကပြောသည်။

ယင်းအပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များပြန်လည်ဖွင့်လှစ်သည့်အခါ အဆင်သင့်ဖြစ်စေရန်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်း စိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက် ထားကြရန်၊ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ အရည်အသွေး တိုးတက်ရေး အတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ကြီးကြပ် ဖွင့်လှစ်ကြရန်လည်း လမ်းညွှန်ခဲ့သေးသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *