တပ်မတော်ကိုရန်သူလိုသဘောထားပြီးခွဲခြားဆက်ဆံတာဟာဒီမိုကရေစီမဲ့ကိုက်ညီမှုမရှိဘူးလို့ စစ်ကောင်စီဆို

မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံတာဟာ ဒီမိုကရေစီနဲ့ကိုက်ညီမှု မရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံတာတွေ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုက်အဝန်းက ဖယ်ကြဉ်ထားတာတွေဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားတဲ့ အတွေးအခေါ်တွေဖြစ်ပြီး ဒီမိုကရေစီနဲ့ကိုက်ညီမှုမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၁၅) ရက်နေ့မှာကျရောက်တဲ့ တစ်နိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

စစ်တပ်ကအာဏာသိမ်းလို့ တစ်တိုင်းပြည်လုံး အေးချမ်းမှုမရှိဘဲ နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေဖြစ်ပေါ်နေပြီး နယ်မြေအေးချမ်းမှုမရှိတဲ့အချိန်မှာ”တိုင်းပြည်တစ်ခုမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးတည်ငြိမ် အေးချမ်းမှုရှိရမှာဖြစ်ပြီး လုံခြုံရေးလည်း တည်ငြိမ်အေးချမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စရပ်တွေဟာ ဒီမိုကရေစီမရင့်ကျက်သေးလို့ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေဖြစ်တာကို သတိပြုစေလိုပါတယ်”လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ကပြောဆိုခဲ့ပါသေးတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးက တိုင်းရင်းသား အားလုံးဟာတူညီတဲ့ ဖက်ဒရယ်အခွင့်အရေးတွေ အကုန်ရရှိရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံတာဟာ ဒီမိုကရေစီနဲ့ကိုက်ညီမှု မရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံတာတွေ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုက်အဝန်းက ဖယ်ကြဉ်ထားတာတွေဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားတဲ့ အတွေးအခေါ်တွေဖြစ်ပြီး ဒီမိုကရေစီနဲ့ကိုက်ညီမှုမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၁၅) ရက်နေ့မှာကျရောက်တဲ့ တစ်နိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

စစ်တပ်ကအာဏာသိမ်းလို့ တစ်တိုင်းပြည်လုံး အေးချမ်းမှုမရှိဘဲ နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေဖြစ်ပေါ်နေပြီး နယ်မြေအေးချမ်းမှုမရှိတဲ့အချိန်မှာ”တိုင်းပြည်တစ်ခုမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးတည်ငြိမ် အေးချမ်းမှုရှိရမှာဖြစ်ပြီး လုံခြုံရေးလည်း တည်ငြိမ်အေးချမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စရပ်တွေဟာ ဒီမိုကရေစီမရင့်ကျက်သေးလို့ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေဖြစ်တာကို သတိပြုစေလိုပါတယ်”လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ကပြောဆိုခဲ့ပါသေးတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးက တိုင်းရင်းသား အားလုံးဟာတူညီတဲ့ ဖက်ဒရယ်အခွင့်အရေးတွေ အကုန်ရရှိရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုခဲ့တာဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *