အာဆီယံအစည်းအဝေးမတတ်ရပေမဲ့ အာဆီယံထဲကနေထွက်မှာမဟုတ်ဘူးလို့စစ်ကောင်စီဆို

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံမဖိတ်ပေမယ့် အာဆီယံထဲကထွက်ဖို့မရှိဘူးလို့ စစ်ကောင်စီပြော

အောက်တိုဘာ ၂၆ ရက်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ
အာဆီယံရဲ့မှုဝါဒတွေကို အားနည်းသွားတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အားနည်းချက် ၂ခုတွေ့ရတယ်။ နံပါတ်တစ် ကတော့ အာဆီယံရဲ့အဓိကမူဝါဒဖြစ်တဲ့ အများသဘောတူဆန္ဒနဲ့ ပတ်သက်ပြီး လိုသလို အဓိပ္ပါယ်ဖွင့်တယ်၊ အားနည်းသွားပြီလို့မြင်တယ်။ နံပါတ်နှစ် ကတော့ နောက်ထပ်မူဝါဒတစ်ခုဖြစ်တဲ့ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒ အားနည်းသွားပြီလို့မြင်ပါတယ်။ အာဆီယံနိုင်ငံတွေဆိုတာ မတူညီတဲ့နိုင်ငံရေးစနစ်တွေ၊ မတူညီတဲ့ လူမှုရေးတွေ၊ ဘာသာရေးတွေပေါင်းစပ်ထားတာဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေရှိတယ်၊ ကွန်မြူနစ်နိုင်ငံရှိတယ်။ ဒီမိုကရေစီနိုင်ငံတောင် အမျိုးမျိုးကွဲပြားပါတယ်။ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံရှိတယ်၊ တစ်ခုနဲ့တစ်ခုကျင့်သုံးပုံချင်း မတူဘူး။ ကွန်မြူနစ်နိုင်ငံတွေလည်း တနိုင်ငံနဲ့တနိုင်ငံ ကျင့်သုံးတဲ့နိုင်ငံရေးစနစ် ထပ်တူမကျပါဘူး။ အဲဒီနိုင်ငံတွေကိုအစွဲပြုထားတဲ့ စုစည်းအားကတော့ အများသဘောတူဆန္ဒနဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးဆိုတာ နှစ်ခုနဲ့ဆွဲစိထားတာဖြစ်ပါတယ်။

ဒီ နှစ်ခုကတော့ ပြင်ပဖိအားနဲ့ တချို့သောအကြောင်းအရာတွေကြောင့် လိုသလိုအဓိပ္ပာယ်ဖွင့်ဆိုမှုရှိပြီး အားနည်းသွားတယ်လို့မြင်ပါတယ် “လို့စစ်ကောင်စီရဲ့ ပြန်ကြားရေးသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကို အခုလို အာဆီယံထိပ်သီးညီလာခံကို မဖိတ်ဖို့ ရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံထဲက နုတ်ထွက်မှာမဟုတ်ကြောင်းနဲ့ အခုထက်ပိုတဲ့ ဖိအားတွေရှိလာရင်လည်း ရင်ဆိုင်ဖို့အတွေ့အကြုံတွေများစွာရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဒီထိပ်သီးညီလာခံကို နိုင်ငံရေးအရ မဟုတ်တဲ့ သံတမန်ရေးအရ စေလွှတ်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုစေလွှတ်မယ်ဆိုတာကိုတော့ ဆွေးနွေးဆဲဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
zawgyi/

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံမဖိတ်ပေမယ့် အာဆီယံထဲကထွက်ဖို့မရှိဘူးလို့ စစ်ကောင်စီပြော

အောက်တိုဘာ ၂၆ ရက်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ
အာဆီယံရဲ့မှုဝါဒတွေကို အားနည်းသွားတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အားနည်းချက် ၂ခုတွေ့ရတယ်။ နံပါတ်တစ် ကတော့ အာဆီယံရဲ့အဓိကမူဝါဒဖြစ်တဲ့ အများသဘောတူဆန္ဒနဲ့ ပတ်သက်ပြီး လိုသလို အဓိပ္ပါယ်ဖွင့်တယ်၊ အားနည်းသွားပြီလို့မြင်တယ်။ နံပါတ်နှစ် ကတော့ နောက်ထပ်မူဝါဒတစ်ခုဖြစ်တဲ့ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒ အားနည်းသွားပြီလို့မြင်ပါတယ်။ အာဆီယံနိုင်ငံတွေဆိုတာ မတူညီတဲ့နိုင်ငံရေးစနစ်တွေ၊ မတူညီတဲ့ လူမှုရေးတွေ၊ ဘာသာရေးတွေပေါင်းစပ်ထားတာဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေရှိတယ်၊ ကွန်မြူနစ်နိုင်ငံရှိတယ်။ ဒီမိုကရေစီနိုင်ငံတောင် အမျိုးမျိုးကွဲပြားပါတယ်။ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံရှိတယ်၊ တစ်ခုနဲ့တစ်ခုကျင့်သုံးပုံချင်း မတူဘူး။ ကွန်မြူနစ်နိုင်ငံတွေလည်း တနိုင်ငံနဲ့တနိုင်ငံ ကျင့်သုံးတဲ့နိုင်ငံရေးစနစ် ထပ်တူမကျပါဘူး။ အဲဒီနိုင်ငံတွေကိုအစွဲပြုထားတဲ့ စုစည်းအားကတော့ အများသဘောတူဆန္ဒနဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးဆိုတာ နှစ်ခုနဲ့ဆွဲစိထားတာဖြစ်ပါတယ်။

ဒီ နှစ်ခုကတော့ ပြင်ပဖိအားနဲ့ တချို့သောအကြောင်းအရာတွေကြောင့် လိုသလိုအဓိပ္ပာယ်ဖွင့်ဆိုမှုရှိပြီး အားနည်းသွားတယ်လို့မြင်ပါတယ် “လို့စစ်ကောင်စီရဲ့ ပြန်ကြားရေးသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကို အခုလို အာဆီယံထိပ်သီးညီလာခံကို မဖိတ်ဖို့ ရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံထဲက နုတ်ထွက်မှာမဟုတ်ကြောင်းနဲ့ အခုထက်ပိုတဲ့ ဖိအားတွေရှိလာရင်လည်း ရင်ဆိုင်ဖို့အတွေ့အကြုံတွေများစွာရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဒီထိပ်သီးညီလာခံကို နိုင်ငံရေးအရ မဟုတ်တဲ့ သံတမန်ရေးအရ စေလွှတ်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုစေလွှတ်မယ်ဆိုတာကိုတော့ ဆွေးနွေးဆဲဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *