အာဆီယံအထူးသံအမတ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံးခွင့်ရရန် မင်းအောင်လှိုင်ကို (၈)နိူင်ငံပူပေါင်းတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ နိုင်ငံရှစ်နိုင်ငံနဲ့ ဥရောပသံတမန်ရေးရာ အကြီးအကဲတို့က မြန်မာအာဏာပိုင်တွေကို အောက်တိုဘာ ၁၅ ရက်မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖော်ဖော်ဝါရီ ၁ ရက်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို မြန်မာဘက်က အကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ အာဆီယံအထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မပေးနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့အခြေအနေအပေါ် အလွန်စိုးရိမ်ပူပန်နေပြီး အာဏာပိုင်တွေအနေနဲ့ အာဆီယံအထူးသံတမန်နဲ့ အပြုသဘောဆောင်ဆက်ဆံဖို့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ကနေဒါ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေနဲ့ အရှေ့တီမောတို့က ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံကို ပုံမှန်လာရောမှုတွေ အဆင်ပြေချောမွေ့စေဖို့နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါ၀င်ပတ်သက်သူအားလုံးနဲ့ လွတ်လပ်စွာထိတွေ့ ဆက်ဆံနိုင်ဖို့ မိမိတို့ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အီးယူရဲ့ နိုင်ငံခြားရေးဆိုင်ရာအကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်ကလည်း ဒီကိစ္စကို ထောက်ခံထားပါတယ်။
zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *