မြန်မာ့အရေးပြသနာများကိုဖြေရှင်းပေးဖို့ သံအမတ်ကြီးနိူင်ငံတကာအသိုင်းအဝန်ကိုတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှု မြောက်နိုင်တာကြောင့် နိုင်ငံတကာအသိုင်းအ၀န်းက အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတိုက်တွန်းလိုက်ပါတယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆဌမကော်မတီမှာ သောကြာနေ့က လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေအောက်မှာ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက အခြေအနေကိုလည်း ထည့်သွင်းပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂက အဓိက ကော်မတီတွေမှာ မြန်မာ့အရေး တင်ပြချက်တွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ရှင်းပြထားတာတွေကို ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

နိုင်ငံတကာ လုံခြုံရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိ်ုင်ရာ ကိစ္စတွေမှာ တာ၀န်ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမကော်မတီ၊ ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ ဒုတိယကော်မတီ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ လူမှုရေးရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ တတိယကော်မတီနဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကိစ္စတွေကို ကိုင်တွယ်ရတဲ့ ဆဌမကော်မတီတွေမှာ ဒီတပတ်ထဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ပြဿနာတွေကို နိုင်ငံတကာ အသိုင်းအ၀န်းက ဖြေရှင်းပေးဖို့ အဓိက တိုက်တွန်းခဲ့တယ်လို့လည်း သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပထမကော်မတီ၊ ဒုတိယကော်မီတီ နဲ့တတိယကော်မီတီတွေမှာ မိန်းခွန်းတွေ အသီးသီးတော့ ပြောပြီပါပြီ။ အထူးသဖြင့် တတိယကော်မီတီမှာတော့ လူအခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့ ကိစ္စပေါ့နော် ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြောကြားခဲ့ပါတယ်”

မြန်မာနိ်ုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအ၀င် စစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့လည်း သံအမတ်ကြီးက ကော်မတီကို တင်ပြခဲ့တာပါ။ သောကြာနေ့က ဆဌမကော်မတီမှာ ဆိုရင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုမြောက်တာကြောင့် နိုင်ငံတကာက ဖြေရှင်းဖို့ တင်ပြခဲ့တယ်လို့ သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“အဓိက ကတော့ Crime Against Humanity နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ကွန်ဗန်းရှင်းတရပ်ထွက်ဖို့အတွက်ပေါ့နော် ။ ဒီကုလသမဂ္ဂမှာ ဆွေးနွေးညှိနှိုင်းတာရှိပါတယ်။ ဒီအောက်မှာပဲ Crime Against Humanity ပတ်သက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်မှုတွေကို ထောက်ပြပြီးတော့ ဒီလိုအခြေအနေတွေကို အထူးသဖြင့် မြန်မာလိုမျိုး နိုင်ငံတွေအနေနဲ့ ဒီလိုမျိုး ကွန်ဗန်းရှင်းတခု ရှိသင့်နေပြီးဆိုတဲ့ ထောက်ပြပြောခဲ့ပါတယ်။ ပထမကော်မီတီအနေနဲ့ လက်နက်ဖျက်သိမ်းရေးပေါ့နော်။ အထူးသဖြင့် သာမန်ရိုးကျလက်နက်တွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အခါတွေမှာလည်းပဲပေါ့နော် လက်နက်ရောင်းချမှုမလုပ်ဖို့ပေါ့နော်။ ထပ်လောင်းမေတ္တာရပ်ခံခဲ့တယ်။ ဒုတိယကော်မီတီကတော့ စီးပွားရေးနဲ့ ကိစ္စရပ်တွေ ဆွေးနွေးတဲ့ ကော်မီတီ။ အဲဒီကော်မီတီမှာလည်းပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေလေးတွေ အခုဆိုရင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဆောင်ရွက်မှုတွေကြောင့် စီးပွားရေးဆုပ်ယုတ်လာတဲ့ ဟာတွေ ပြောဖြစ်ပါတယ်”

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့အတွက် စစ်ကောင်စီက နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ရာထူးက ဖယ်ရှားလိုက်ကြောင်း ကြေညာထားတာပါ။ ဦးကျော်မိုးထွန်းရဲ့ နေရာကိုလည်း အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာကို စိစစ်ရွေးချယ်ရတဲ့ Credentials Committee က အဆုံးအဖြတ်ပေးရဖို့ ရှိနေ

မြန်မာ့အရေး ကုလသမဂ္ဂ ကော်မတီတွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တာကြောင့် နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတိုက်တွန်းလိုက်ပါတယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆဌမကော်မတီမှာ သောကြာနေ့က လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေအောက်မှာ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက အခြေအနေကိုလည်း ထည့်သွင်းပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂက အဓိက ကော်မတီတွေမှာ မြန်မာ့အရေး တင်ပြချက်တွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ရှင်းပြထားတာတွေကို ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

နိုင်ငံတကာ လုံခြုံရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကိစ္စတွေမှာ တာဝန်ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမကော်မတီ၊ ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ ဒုတိယကော်မတီ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ လူမှုရေးရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ တတိယကော်မတီနဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကိစ္စတွေကို ကိုင်တွယ်ရတဲ့ ဆဌမကော်မတီတွေမှာ ဒီတပတ်ထဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ပြဿနာတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဖြေရှင်းပေးဖို့ အဓိက တိုက်တွန်းခဲ့တယ်လို့လည်း သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပထမကော်မတီ၊ ဒုတိယကော်မီတီ နဲ့တတိယကော်မီတီတွေမှာ မိန်းခွန်းတွေ အသီးသီးတော့ ပြောပြီပါပြီ။ အထူးသဖြင့် တတိယကော်မီတီမှာတော့ လူအခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့ ကိစ္စပေါ့နော် ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြောကြားခဲ့ပါတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် စစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့လည်း သံအမတ်ကြီးက ကော်မတီကို တင်ပြခဲ့တာပါ။ သောကြာနေ့က ဆဌမကော်မတီမှာ ဆိုရင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာက ဖြေရှင်းဖို့ တင်ပြခဲ့တယ်လို့ သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“အဓိက ကတော့ Crime Against Humanity နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ကွန်ဗန်းရှင်းတရပ်ထွက်ဖို့အတွက်ပေါ့နော် ။ ဒီကုလသမဂ္ဂမှာ ဆွေးနွေးညှိနှိုင်းတာရှိပါတယ်။ ဒီအောက်မှာပဲ Crime Against Humanity ပတ်သက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်မှုတွေကို ထောက်ပြပြီးတော့ ဒီလိုအခြေအနေတွေကို အထူးသဖြင့် မြန်မာလိုမျိုး နိုင်ငံတွေအနေနဲ့ ဒီလိုမျိုး ကွန်ဗန်းရှင်းတခု ရှိသင့်နေပြီးဆိုတဲ့ ထောက်ပြပြောခဲ့ပါတယ်။ ပထမကော်မီတီအနေနဲ့ လက်နက်ဖျက်သိမ်းရေးပေါ့နော်။ အထူးသဖြင့် သာမန်ရိုးကျလက်နက်တွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အခါတွေမှာလည်းပဲပေါ့နော် လက်နက်ရောင်းချမှုမလုပ်ဖို့ပေါ့နော်။ ထပ်လောင်းမေတ္တာရပ်ခံခဲ့တယ်။ ဒုတိယကော်မီတီကတော့ စီးပွားရေးနဲ့ ကိစ္စရပ်တွေ ဆွေးနွေးတဲ့ ကော်မီတီ။ အဲဒီကော်မီတီမှာလည်းပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေလေးတွေ အခုဆိုရင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဆောင်ရွက်မှုတွေကြောင့် စီးပွားရေးဆုပ်ယုတ်လာတဲ့ ဟာတွေ ပြောဖြစ်ပါတယ်”

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့အတွက် စစ်ကောင်စီက နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ရာထူးက ဖယ်ရှားလိုက်ကြောင်း ကြေညာထားတာပါ။ ဦးကျော်မိုးထွန်းရဲ့ နေရာကိုလည်း အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာကို စိစစ်ရွေးချယ်ရတဲ့ Credentials Committee က အဆုံးအဖြတ်ပေးရဖို့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *