အပြောနှင့်အလုပ်မညီသောမင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဘရှူးနိူင်းအတည်ပြုပြော

အာဆီယံထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု ဥက္ကဋ္ဌ ဘရူးနိုင်ငံက အတည်ပြု၊ ပြုပြင်ပြောင်းလဲရေး မလုပ်သမျှ အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ခွင့်မပေးရန် အင်ဒိုနီးရှားအဆိုပြု

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်ကို ဖိတ် ကြားမည်မဟုတ်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူးနိုင်ငံက ယနေ့ အတည်ပြု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

ယမန်နေ့ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၍ မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်မပေးဘဲ ချန်ထားရန် ဆုံးဖြတ်ချက်ကို အာဆီယံနိုင်ငံများက သဘော တူညီလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကမူ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ မရှိသရွေ့ကာလပတ်လုံး စစ်ကောင်စီ ကို အာဆီယံ အစည်းအဝေးများ တက်ခွင့်မပေးဘဲ ထားရန် အဆိုပြု ချက်တစ်ရပ်ကိုလည်း ယမန်နေ့ အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရှိရသည်။

Zawgyi/

အာဆီယံထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု ဥက္ကဋ္ဌ ဘရူးနိုင်ငံက အတည်ပြု၊ ပြုပြင်ပြောင်းလဲရေး မလုပ်သမျှ အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ခွင့်မပေးရန် အင်ဒိုနီးရှားအဆိုပြု

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ် ကြားမည်မဟုတ်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူးနိုင်ငံက ယနေ့ အတည်ပြု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

ယမန်နေ့ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၍ မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်မပေးဘဲ ချန်ထားရန် ဆုံးဖြတ်ချက်ကို အာဆီယံနိုင်ငံများက သဘော တူညီလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကမူ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ မရှိသရွေ့ကာလပတ်လုံး စစ်ကောင်စီ ကို အာဆီယံ အစည်းအဝေးများ တက်ခွင့်မပေးဘဲ ထားရန် အဆိုပြု ချက်တစ်ရပ်ကိုလည်း ယမန်နေ့ အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published.