ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့်အမှုအတွက်သက်သေအယောက်(၇၀)ခန့်ရှိနေ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိအမှု ၄မှုအတွက် စုစုပေါင်း သက်သေ ၇၀ခန့်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းရဲ့ ပြောပြ ချက်အရ သိရပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်ရှိ သီးသန့်တရားရုံးမှာ ဒေါ်အောင် ဆန်း စုကြည် အပေါ် စွဲဆိုထားသည့် အဂတိအမှုများနဲ့စပ်လျဉ်းပြီး ရုံးချိန်းကြားနာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

“ရုံးချိန်းတပတ်ခြားတခါစစ်ဖို့ တရားသူကြီးက အမိန့်ချတဲ့အခါမှာ သက်သေတွေက အမှု ၄မှုအတွက် အမှုနံပါတ် ၂၊ ၃၊ ၄မှာ တစ်မှုကို သက်သေက ၁၆ယောက်လောက်ရှိတော့ သက်သေ ၇၀လောက်ရှိတယ်တဲ့၊ အခုလို နေ့တိုင်းစစ်တာတောင်မှ ၇လ ၈လ လောက်ကြာနိုင်တယ်လို့ပြောသွားတယ်”လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက် ရုံးချိန်းစစ်ဆေးကြားနာခြင်းကို တစ်ပါတ်ခြားတစ်ခါ ခေါ်ယူ စစ်ဆေးပေးရန် စာတင်တောင်းဆိုခဲ့သည့်အပေါ် တရားသူကြီးက အမိန့်မချနိုင်ဘဲ အလျဉ်း သင့်သလို ရုံးချိန်းပြုလုပ်သွားပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှု ၅မှုအနက် နေပြည်တော်မှာ စစ်ဆေးကြားနာနေသည့် အမှု ၄မှုသည် ၎င်းတစ်ဦးတည်းသီးသန့် ၂မှုနဲ့ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးတို့နဲ့ အမှုတွဲ ၁မှုနဲ့ ဦးမင်းသူ၊ ဒေါက်တာမျိုးအောင်တို့နဲ့ အမှုတွဲ ၁မှုတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့ ရုံးချိန်းကြားနာစစ်ဆေးမှုမှာ ပြီးခဲ့သည့်အပတ်ရုံးချိန်းကဲ့သို့ အပြန်အလှန်စစ်မေးမှုများရှိခဲ့သော်လည်း ယခုအပတ်ရုံးချိန်း၌ လိုပြသက်သေအဖြစ် အဂတိကော်မရှင်ကခေါ်ယူထားသည့် ဦးဖြိုးမင်းသိန့်ရဲ့ဇနီး ပျက်ကွက်ခဲ့တာကြောင့် မစစ်ဆေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့်ရုံးချိန်းများမှာ စစ်မေးခဲ့ခြင်းများအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆို ထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးစွပ်စွဲချက်များနဲ့စပ်လျဉ်းပြီး သက်သေခိုင်ခိုင် လုံလုံ တင်ပြနိုင်ခြင်းမရှိတာကို တွေ့ရှိရတယ်လို့လည်း ရှေ့နေအဖွဲ့က ပြောဆိုထား တာဖြစ်ပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *