ဒေါ်အောင်ဆန်းစုကြည်၏အမှုလိုက်ရှေ့နေလေးဦးထိ မီဒီယာနှင့်ပြေဆိုဖြေကြားခွင့်ထပ်မံပိတ်ပင်ခံရ

နေပြည်တော်မှာ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုကူညီနေတဲ့ ရှေ့နေအဖွဲ့ဝင်တွေဖြစ်တဲ့ ရှေ့နေဒေါ်မင်းမင်းစိုးနဲ့ ရှေ့နေဦးသဲမောင်မောင်ကို စစ်ကောင်စီက မီဒီယာနဲ့ စကားပြောဆိုခွင့်ပိတ်ပင်လိုက်တယ်လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်ကို ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံပြီး မီဒီယာနဲ့ စကားမပြောဖို့ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်လိုက်ပြီးတဲ့နောက် သောကြာနေ့မှာ ၎င်းတို့နှစ်ဦးကို စစ်ကောင်စီက စကားပြောခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်။

အခုဆိုရင် ရှေ့နေအဖွဲ့ဝင် ဦးကြည်ဝင်းက လွဲရင် မီဒီယာနဲ့ စကားပြောခွင့်မရတဲ့ ရှေ့နေ လေးဦးအထိရှိလာပြီဖြစ်ပါတယ်။

အဆိုပါရှေ့နေလေးဦးလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းနဲ့ ပြည်သူထံအမှာစကားတွေကို မီဒီယာကို ရှင်းပြနေကျဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ၎င်းတို့ရဲ့ ပြောစကားတွေဟာ အများပြည်သူ ရုန်းရင်းဆန်ခတ်ဖြစ်စေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများကို မီဒီယာနဲ့ စကားမပြောဖို့ တစ်ယောက်ပြီးတစ်ယောက် ပိတ်ပင်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းတွေနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိရဖို့ အခက်အခဲဖြစ်လာနိုင်ပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *