နိူင်ငံရေးမတည်ငြိမ်မှုကိုအသုံးချပြီးEAOအဖွဲ့အချိူ့တရားမဝင်မှောင်ခိုလုပ်ငန်းများလုပ်ကိုင်နေတယ်လို့ မင်အောင်လှိုင်ဆို

နိုင်ငံရေးမတည်ငြိမ်မှုကို အသုံးချပြီး EAO အဖွဲ့အချို့ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုများ ပြုလုပ်နေတယ်လို့ စစ်ကောင်စီဥက္ကဌပြော

လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုကို အသုံးချပြီး EAO အဖွဲ့အချို့မှ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများ ပြုလုပ်နေတယ်လို့ စစ်ကောင်စီဥက္ကဌက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၆/၂၀၂၁)မှာ ၎င်းကအခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခ ကိစ္စများနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ တစ်ဖက်မှလည်း EAO အဖွဲ့အချို့အနေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကို အသုံးချပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများ ပြုလုပ်လာ တာကြောင့် ထိန်းသိမ်း ဆောင်ရွက်နေရမှုတွေ ရှိပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ယခုအခါ ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာပြီး ပြည်သူများရဲ့ သတင်း ပေးမှုများနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဖမ်းဆီရမိမှုများ များစွာပြုလုပ်လာနိုင်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *