လန်ဒန်မြို့ မြန်မာသံရုံးကအရာရှိတစ်ဦးပြည်သူပူးပေါင်း CDM ပြုလုပ်လာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာ သံရုံး အရာရှိတစ်ဦး အောက်တိုဘာလ ၁၄ ရက်နေ့က စတင်ပြီး အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ထပ်မံ ပါဝင်လာပါတယ်။

သံရုံး တတိယ အတွင်းဝန် ဒေါ်ယမင်းယုဟာ သံရုံးတာဝန်ကို စွန့်လွှတ်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ သူနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိသူက အတည်ပြုပြောဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် CDM လုပ်ခဲ့ကြတဲ့ တခြားနိုင်ငံတချို့က မြန်မာသံရုံး ဝန်ထမ်းတွေကလည်း ဒေါ်ယမင်းယု သူတို့နဲ့ ပူးပေါင်း ပါဝင်လာတယ်လို့ ပြောပါတယ်။

ဒေါ်ယမင်းယုဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက လန်ဒန်မြို့ မြန်မာ သံရုံးကို စတင် ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

Zawgyi/

ဗြိတိန်က မြန်မာသံအရာရှိတဦး သံရုံးကို စွန့်ခွာ CDM လှုပ်ရှားမှုမှာ ပါဝင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာ သံရုံး အရာရှိတစ်ဦး အောက်တိုဘာလ ၁၄ ရက်နေ့က စတင်ပြီး အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ထပ်မံ ပါဝင်လာပါတယ်။

သံရုံး တတိယ အတွင်းဝန် ဒေါ်ယမင်းယုဟာ သံရုံးတာဝန်ကို စွန့်လွှတ်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ သူနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိသူက အတည်ပြုပြောဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် CDM လုပ်ခဲ့ကြတဲ့ တခြားနိုင်ငံတချို့က မြန်မာသံရုံး ဝန်ထမ်းတွေကလည်း ဒေါ်ယမင်းယု သူတို့နဲ့ ပူးပေါင်း ပါဝင်လာတယ်လို့ ပြောပါတယ်။

ဒေါ်ယမင်းယုဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက လန်ဒန်မြို့ မြန်မာ သံရုံးကို စတင် ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published.