ပြည်သူနဲ့ပူးပေါင်းလာတဲ့ စစ်သားနဲ့ရဲ များပြားလာ

ခုခံစစ်ကြေညာပြီးနောက် ပြည်သူနဲ့ပူးပေါင်းလာတဲ့ စစ်သားနဲ့ရဲ များပြားလာ စစ်ကောင်စီလက်အောက်ကနေ ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁ လအတွင်း ၇၆၃ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့က ထုတ်ပြန်ပါတယ်။

NUG က ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့ စက်တင်ဘာ(၇)ရက်နေ့ကနေစပြီး ပြည်သူ့ရင်ခွင် ခိုလှုံလိုကြောင်း ဆက်သွယ်တဲ့ တပ်သားတွေ နဲ့ ရဲ ဝန်ထမ်းတွေ နေ့စဉ်တိုးပွားလာနေပြီး စက်တင်ဘာ ၇ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ၁ လအတွင်း တပ်မတော်သား (၄၂၉) ဦးနဲ့ ရဲ(၃၃၄) ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ပြည်သူ့ရင်ခွင် – People’s Embraceအဖွဲ့တစ်ခုထဲကို ဆက်သွယ်လာတာတွေဖြစ်ပြီး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကို ရောက်ရှိနေတဲ့ တပ်မတော်သားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စာရင်းအချက်အလက်တွေ မပါဝင်သေးဘူးလို့လည်း ဆိုပါတယ်။

Unicode
ခုခံစစ်ကြေညာပြီးနောက် ပြည်သူနဲ့ပူးပေါင်းလာတဲ့ စစ်သားနဲ့ရဲ များပြားလာ၊ စစ်ကောင်စီလက်အောက်ကနေ ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁ လအတွင်း ၇၆၃ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့က ထုတ်ပြန်ပါတယ်။

NUG က ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့ စက်တင်ဘာ(၇)ရက်နေ့ကနေစပြီး ပြည်သူ့ရင်ခွင် ခိုလှုံလိုကြောင်း ဆက်သွယ်တဲ့ တပ်သားတွေ နဲ့ ရဲ ဝန်ထမ်းတွေ နေ့စဉ်တိုးပွားလာနေပြီး စက်တင်ဘာ ၇ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ၁ လအတွင်း တပ်မတော်သား (၄၂၉) ဦးနဲ့ ရဲ(၃၃၄) ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ပြည်သူ့ရင်ခွင် – People’s Embraceအဖွဲ့တစ်ခုထဲကို ဆက်သွယ်လာတာတွေဖြစ်ပြီး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကို ရောက်ရှိနေတဲ့ တပ်မတော်သားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စာရင်းအချက်အလက်တွေ မပါဝင်သေးဘူးလို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *