မြန်မာ့အရေးနှင့်ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်ဆို

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ၊ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေ အကျပ်အတည်းနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်တွေအနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ အရေးကြီးလိုအပ်တယ်လို့ သူက ပြောပါတယ်။

အာဆီယံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံမှုပါဝင်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ မြန်မာနိုင်ငံခရီးစဉ်အကောင်အထည်ဖော်ရေးအတွက် မြန်မာစစ်အာဏာရှင်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်လည်း လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်နဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်တို့က ဒီနေ့ တွေ့ဆုံမှုမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *