မင်းအောင်လှိုင်ကို အာဆီယံလူရာမသွင်းတော့၍ အစည်းအဝေးတတ်ခွင့်မပြုရန်ဆုံးဖြတ်

 စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဘဲ ချန်ထားရန် ယနေ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ကြောင်း ဂျပန် NHK သတင်းဌာနက သတင်းကြေညာသည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်၏ မတရားစစ်အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များက ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က ပျက်ကွက်ပြီးနောက် အာဆီယံနိုင်ငံများဘက်က ယင်းသို့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွင် တက်ခွင့်မပေးဘဲ ချန်လှပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

zawgyi/

ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဘဲ ချန်ထားရန် ယနေ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ကြောင်း ဂျပန် NHK သတင်းဌာနက သတင်းကြေညာသည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်၏ မတရားစစ်အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များက ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က ပျက်ကွက်ပြီးနောက် အာဆီယံနိုင်ငံများဘက်က ယင်းသို့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွင် တက်ခွင့်မပေးဘဲ ချန်လှပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *