ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု့ ညွှန်းကိန်းမှာ မြန်မာက အဆင့် ၁၁၂ အောက်ဆုံးနေရာမှာ ရှိနေ

Unicode:

ကမ္ဘာ့တရားမျှတမှု့စီမံကိန်း(WJP)က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၂၈ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အဆင့် ၁၁၂ မှာ ရပ်တည်နေပါသည်။

ဒီကိန်းဂဏန်းဟာ စက်တင်ဘာလကုန်အထိ ရရှိထားတဲ့ အချက်အလက်တွေအပေါ်အခြေပြုပြီး ထုတ်ပြန်ထားတာဖြစ်ပြီး ကိန်းဂဏန်းတွေများလာလေ တရားဥပဒေစိုးမိုးမှုဟာ ဆိုးရွာလေဖြစ်ပါတယ်။

အခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းမှာတော့ ဒိန်းမတ်၊ နော်ဝေနဲ့ ဖင် လန်နိုင်ငံတွေက ထိပ်တန်း ၃ နိုင်ငံအနေနဲ့ ရပ်တည်နေပြီး အောက်ဆုံးအဆင့် ၃ နိုင်ငံအနေနဲ့ ကွန်ဂို၊ ကမ္ဘောဒီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ရပ်တည်နေတာဖြစ်‌သည်။

အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့တရားမျှတမှု့စီမံကိန်း(WJP)ကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် မှာ စတင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးရဲ့ အခြေခံအရေးကြီးမှု့ကို လူထုသိမြင်နားလည်မှု့ တွေ တိုးတက်လာစေဖို့၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ပေးဖို့၊ ရပ်ရွာအဆင့်ထိ လက်တွေ့ကျတဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်္မှု့အစီအစဉ်တွေ တည်ဆောက်နိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါသည်။

နယ်မြေအလိုက် ညွှန်ကိန်းသတ်မှတ်ချက်္မှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံ တွေထဲ နယူးဇီလန်၊ ဩစတြေးလျနဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံတွေက တရားဥပဒေစိုးမိုးမှု ညွှန်ကိန်းထိပ်ဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေပြီး အောက်ဆုံး ၃ နိုင်ငံ ထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရပ်တည်နေတာ ဖြစ်ပါသည်။

Zawgyicode:

ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု့ ညွှန်းကိန်းမှာ မြန်မာက အဆင့် ၁၁၂ မှာ ရှိနေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *