အစိုးရအပေါ်သစ္စာမခံဘဲ နိုင်ငံတော်အပေါ် သစ္စာခံဖို့နဲ့ We Are Myanmar ဆိုတဲ့စိတ်ဓာတ်ကို အရင်းခံဖို့ လိုကြောင်း မင်းအောင်လှိုင် ပြောကြား

Unicode:

သောင်းကျန်းသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစိုးရဘယ်လောက်ပဲပြောင်းပြောင်း မိမိတို့နိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံသာဖြစ်ပြီး အစိုးရနဲ့ နိုင်ငံတော်ကို ယုတ္တိကျကျ ခွဲမြင်နိုင်ဖို့လိုကြောင်းနဲ့ အစိုးရကို သစ္စာမခံဘဲ နိုင်ငံတော်ကို သစ္စာခံဖို့ လိုကြောင်း ပြောကြားတိုက်တွန်းခဲ့တယ်လို့ သိရှိရပါသည်။

တိုင်းရင်းသား လက်နက်ကိုင်တစ်ချို့က လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရ မဟုတ်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ မလိုဘူးဆိုတဲ့ အယူအဆတွေနဲ့ ငြိမ်းချမ်းရေးကို အပြည့်အဝ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ယူဆချက်တွေကို စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ဖို့လိုကြောင်းလည်း မင်းအောင်လှိုင်က အသိပေးသွားခဲ့ပါသည်။

နိုင်ငံတော် ငြိမ်ချမ်းရေးအတွက် ရိုသားစစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ဖို့ကသာ အဓိကဖြစ်ပြီး အားလုံးကို We Are Myanmar ဆိုတဲ့ စိတ်ဓာတ်ကိုသာ အရင်းခံစေလိုကြောင်းလည်း မင်းအောင်လှိုင်က တိုက်တွန်းသွားခဲ့ပါသေးသည်။

ဒါ့ကြောင့် NCA လက်္မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စာချုပ်ကို ပိုမိုအခြေခိုင်စေပြီး NCA စာချုပ်မှာ လက်နက်ရေးထိုးမထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း အခုအခြေအနေထက်ပိုပြီး ပစ်ခတ်တိုက်ခိုက်္မှု့ ရပ်စဲရေးနဲ့ ငြိမ်ချမ်းရေးအဆင့် တစ်ဆင့်ပိုပြီး တက်လှမ်းနိုင်ရေးတို့အတွက် NCA စာချုပ်မှာ လက်မှတ်ရေးထိုးကြဖို့ ထပ်မံပြီး လေးနက်စွာ ဖိတ်ခေါ်တယ်လို့လည်း မင်းအောင်လှိုင်က ဆိုပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *