အတိတ်ကိုအစွဲသန်လွန်းလျှင်အနာဂတ်လမ်းပျောက်နိူင်သည်ဟူ ယနေ့မိန့်ခွန်တွင် မင်းအောင်လှိုင်ဆို

အတိတ်ကိုမသိလျှင်ထပ်ကျော့အမှားတွေကျူးလွန်နိုင်သည်၊ ထို့အတူ အတိတ်ကိုအစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည်လို့ NCA ၆နှစ်ပြည့်မိန့်ခွန်းမှာ မင်းအောင်လှိုင်ထည့်ပြော

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း ၆နှစ်ပြည့် အဖြစ် အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန်းခွန်းကို စစ်ကောင်စီသတင်းဌာနတွေမှာဖော်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ၂၀၂၃ ဇန်နဝါရီလ၄ရက်နေ့မှာစိန်ရတုတိုင်ပြီးဖြစ်ကြောင်း အတိတ်ကိုမသိလျှင်ထပ်ကျော့အမှားတွေကျူးလွန်နိုင်သည်၊ ထို့အတူ အတိတ်ကိုအစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည်လို့ သတိချပ်စေလိုတယ်လို့ ပြောပါတယ်။

ယနေ့ကာလသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာ မှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ ညှိနှိုင်းဆွေးနွေးအဖြေရှာရန် အတွက် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သဖြင့် တပ်မတော်မှဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)အရ နိုင်ငံတော်တာဝန်အား ထိန်းသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးဆောင်နေသည့်ကာလဖြစ်တယ်လို့လည်း မိန့်ခွန်းမှာပါဝင်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က ဥပဒေကိုချိုးဖောက်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် စုစုပေါင်း ၁၂၀၀ကျော်ရှိပြီး အဓမ္မဖမ်းဆီးခံရသူ ၁၀၀၀၀ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ မြေပြင်အခြေအနေအရ စာရင်းဟာ ထုတ်ပြန်တာထက် ပိုနိုင်တယ်လို့လည်း အဖွဲ့ကပြောဆိုထားပါသေးတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *