လာမည့်ရွေးကောက်ပွဲတွင် (PR) စနစ်ကျင့်သုံးနိူင်ရန် နိူင်ငံရေးပါတီများနှင့်တွေ့ဆုံမည်

လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြောင်းလဲလာတဲ့ ခေတ်အခြေနေအရ သင့်လျော်တဲ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့အတွက် PR စနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်တဲ့ ရွေးကောက်ပွဲစနစ်နဲ့ စပ်လျဉ်းပြီး နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် နိုဝင်ဘာလ ပထမအပတ်အတွင်း ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို PR စနစ်နဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက် ဆွေးနွေးနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ပါဝင်ဆွေးနွေးလိုသူတွေအနေနဲ့ အမည်၊ အလုပ်အကိုင်၊ နေရိပ်လိပ်စာနဲ့ ဆွေးနွေးမယ့်စာတမ်းတွေကို နိုဝင်ဘာလ ၁ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ရွေးကောက်ပွဲဌာနရဲ့ ဖုန်း ၀၆၇-၃၄၀၄၂၃၃၊ ၀၆၇-၃၄၀၄၂၂၄ (သို့မဟုတ်) ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရဲ့ ဖုန်း ၀၁-၂၃၀၆၂၅၀ ၊ ၀၁-၂၃၀၆၂၉၃ ကို ဆက်သွယ်ပေးပို့နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စစ်ကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi/

လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြောင်းလဲလာတဲ့ ခေတ်အခြေနေအရ သင့်လျော်တဲ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့အတွက် PR စနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်တဲ့ ရွေးကောက်ပွဲစနစ်နဲ့ စပ်လျဉ်းပြီး နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် နိုဝင်ဘာလ ပထမအပတ်အတွင်း ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို PR စနစ်နဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက် ဆွေးနွေးနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စစ်ကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *