ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စတွေကို လူထုကိုမချပြဖို့ အမှုလိုက်ရှေ့နေကိုစစ်ကောင်စီတားမြစ်

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးခင်မောင်ဇော်ကို စစ်ကောင်စီမှ အမှုကိစ္စများပြောဆိုခွင့် တားမြစ်ပိတ်ပင်တဲ့ အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၄ရက်နေ့ ရက်စွဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ -၁၄၄ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ ဦးခင်မောင်ဇော်အနေနဲ့ ပြည်တွင်းပြည်ပ မီဒီယာများ၊ နိုင်ငံခြား သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ယင်းအဖွဲ့စည်းများမှ ပုဂ္ဂိုလ် များ၊ INGO အဖွဲ့စည်းများနဲ့ ယင်းအဖွဲ့စည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိ သူများ၊ မည်သည့်အဖွဲ့စည်းများနှင့်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တွေ့ဆုံခြင်း၊ ပြောဆိုခြင်းများ မပြုရန် တားမြစ်ထားပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ ပြောဆိုချက်များဟာ တရားဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို နှောက်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့ရဲ့ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်တယ်လို့ အမိန့်ကြော်ငြာစာ မှာပါရှိပါတယ်။

zawgyi/အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးခင်မောင်ဇော်ကို စစ်ကောင်စီမှ အမှုကိစ္စများပြောဆိုခွင့် တားမြစ်ပိတ်ပင်တဲ့ အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၄ရက်နေ့ ရက်စွဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ -၁၄၄ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ ဦးခင်မောင်ဇော်အနေနဲ့ ပြည်တွင်းပြည်ပ မီဒီယာများ၊ နိုင်ငံခြား သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ယင်းအဖွဲ့စည်းများမှ ပုဂ္ဂိုလ် များ၊ INGO အဖွဲ့စည်းများနဲ့ ယင်းအဖွဲ့စည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိ သူများ၊ မည်သည့်အဖွဲ့စည်းများနှင့်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တွေ့ဆုံခြင်း၊ ပြောဆိုခြင်းများ မပြုရန် တားမြစ်ထားပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ ပြောဆိုချက်များဟာ တရားဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို နှောက်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့ရဲ့ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်တယ်လို့ အမိန့်ကြော်ငြာစာ မှာပါရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *