လုပ်ပိုင်ခွင့်များအပြည့်အဝကူညီနိူင်ရန် ဒေါ်လာ ၃ဒသမ ၁၂ ဘီလျံ ကုလတောင်းဆို

ကုလသမဂ္ဂအနေဖြင့် ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ကန်ဒေါ်လာ ၃ ဒသမ ၁၂ ဘီလျံလိုအပ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က နိုင်ငံတကာအား တောင်းဆိုလိုက်သည်။

“ကျွန်တော်တို့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အဝအကောင်အထည်ဖော်ဖို့အတွက် စုစုပေါင်း ကန်ဒေါ်လာ ၃ ဒသမ ၁၂ ဘီလျံလိုအပ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်မှာ လိုအပ်ခဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂ ဒသမ ၈ ရာခိုင်နှုန်းတောင်နည်းပါသေးတယ်” ဟု သူကပြောကြားသာ်။ ကုလသမဂ္ဂအထွေထွေညီလာခံ ဘတ်ဂျက်ရေးရာစီမံခန့်ခွဲရေးကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေးတွင် အောက်တိုဘာ ၁၃ ရက်နေ့ကပြောကြားခြင်းဖြစ်သည်။

ယင်းငွေကြေးပမာဏသည် အလုပ်နေရာ ၁၀၀၀၅ ခုအတွက် ပံ့ပိုးနိုင်မည်ဖြစ်ကြောင်းသူကဆိုသည်။ ၂၀၂၁ ခုနှစ်တွင် အလုပ်နေရာ ၄၆ ခုထပ်မံတိုးလာကြောင်းနှင့် ၄၃ နေရာမှာ ပါလက်စတိုင်းဒုက္ခသည်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေကိစ္စရပ်များကို ကူညီရန်အတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးအဖွဲ့အတွက်ဖြစ်ကြောင်းကိုလည်း သူကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *