အမေရိကန်ဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာ့ခရီးစဉ်အရေးဆွေးနွေး

မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံကိုယ်စားလှယ်တို့ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာဖို့၊ အထူးကိုယ်စားလှယ် အနေနဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ခရီးစဉ်ဖြစ်အောင် စီစဉ်ဖို့လိုအပ်ကြောင်း အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

အာဆီယံ အထူးကိုယ်စားလှယ် ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရတာကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တာပါ။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် တတ်နိုင်သမျှ လိုက်လျောထားပြီး တွေ့ဆုံသင့်သူတွေကို စီစဉ်ပေးထားကြောင်း ကြာသပတေးနေ့ကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ အခြေအနေတွေ ပိုဆိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ဖို့၊ မတရားဖမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ဦးတည်ဖို့လည်း အလေးထား ပြောခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

Zawgyi/မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရရေး အမေရိကန် နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံကိုယ်စားလှယ်တို့ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာဖို့၊ အထူးကိုယ်စားလှယ် အနေနဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရပြီး အဓိပ္ပါယ်ပြည့်၀တဲ့ ခရီးစဉ်ဖြစ်အောင် စီစဉ်ဖို့လိုအပ်ကြောင်း အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof နဲ့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး Antony Blinken တို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

အာဆီယံ အထူးကိုယ်စားလှယ် ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရတာကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးနဲ့ ဆွေးနွေးခဲ့တာပါ။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် တတ်နိုင်သမျှ လိုက်လျောထားပြီး တွေ့ဆုံသင့်သူတွေကို စီစဉ်ပေးထားကြောင်း ကြာသပတေးနေ့ကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတို့ ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ အခြေအနေတွေ ပိုဆိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ဖို့၊ မတရားဖမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ဦးတည်ဖို့လည်း အလေးထား ပြောခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *