NCA (၆)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့်AAအပါအဝင်တစ်ခြားသော အဖွဲ့အစည်းများ၏အမှုများကိုရုပ်သိမ်းပေး

AA အဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များကို စွဲဆိုထားသည့် အမှုများ စစ်ကောင်စီရုပ်သိမ်းပေး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA ခြောက်နှစ်ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟုဆိုကာ စစ်ကောင်စီက အေအေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ် ၇ ခုမှ တရားစွဲဆိုခံထားရသည့် အဖွဲ့ဝင် ၁၁၄ ဦး၏ အမှုများကို စစ်ကောင်စီက ပြန်ရုတ်သိမ်းပေးလိုက်သည်။

စစ်ကောင်စီက ထုတ်ပြန်သည့်စာရင်းအရ အမှုများပိတ်သိမ်းခံရသူများထဲတွင် AA လက်နက်ကိုင်အဖွဲ့ဝင် ၆၁ ဦး၊ KIA မှ ၂၃ ဦး၊ KNU/KNLA (PC) မှ ၁ ဦး၊ MNDAA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦးနှင့် TNLA မှ ၁၁ ဦးတို့ဖြစ်သည်။

ယင်းလက်နက်ကိုင်အဖွဲ့ဝင်များအနက်မှ AA, KIA, MNDAA နှင့် TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ NCA လက်မှတ်ထိုးထားခြင်းမရှိပေ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်လာခြင်းဟာ ပြယုဂ်တစ်ခုဖြစ်ကြောင်း၊

လက်ရှိစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရ မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဆိုသည့် အယူအဆအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျသုံးသပ်ရန်လိုကြောင်း NCA ခြောက်နှစ်ပြည့် မိန့်ခွန်းတွင် ပြောဆိုထားသည်။

Zawgyi/ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA ခြောက်နှစ်ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟုဆိုကာ စစ်ကောင်စီက အေအေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ် ၇ ခုမှ တရားစွဲဆိုခံထားရသည့် အဖွဲ့ဝင် ၁၁၄ ဦး၏ အမှုများကို စစ်ကောင်စီက ပြန်ရုတ်သိမ်းပေးလိုက်သည်။

စစ်ကောင်စီက ထုတ်ပြန်သည့်စာရင်းအရ အမှုများပိတ်သိမ်းခံရသူများထဲတွင် AA လက်နက်ကိုင်အဖွဲ့ဝင် ၆၁ ဦး၊ KIA မှ ၂၃ ဦး၊ KNU/KNLA (PC) မှ ၁ ဦး၊ MNDAA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦးနှင့် TNLA မှ ၁၁ ဦးတို့ဖြစ်သည်။

ယင်းလက်နက်ကိုင်အဖွဲ့ဝင်များအနက်မှ AA, KIA, MNDAA နှင့် TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ NCA လက်မှတ်ထိုးထားခြင်းမရှိပေ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်လာခြင်းဟာ ပြယုဂ်တစ်ခုဖြစ်ကြောင်း၊

လက်ရှိစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရ မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဆိုသည့် အယူအဆအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျသုံးသပ်ရန်လိုကြောင်း NCA ခြောက်နှစ်ပြည့် မိန့်ခွန်းတွင် ပြောဆိုထားသည်။

Burma Associated Press

Leave a Reply

Your email address will not be published. Required fields are marked *