တပ်မတော်အနေဖြင့်နိူင်ငံရေးပါဝင်မှုမှာနုတ်ထွက်ကြောင်းကြေညာရန်KNU တောင်းဆို

ဖမ်းဆီးထိန်းသိမ်းထားသောနိုင်ငံရေး ခေါင်းဆောင်များပြန်လွှတ်ဖို့နဲ့ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာပါဝင်နေမှုမှ နုတ်ထွက်ကြောင်းကြေညာရန် KNU တောင်းဆို

တပ်မတော်အနေနဲ့ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေနဲ့ တပ်မတော်မှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးကတိကဝတ်ပြုမှုကို တရားဝင်ကြေညာရန်နဲ့ နိုင်ငံရေးမှာပါဝင်နေမှုမှ နုတ်ထွက်ရန် KNU က တောင်းဆိုလိုက်ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၅ရက်နေ့မှာကျရောက်သည့် NCA စာချုပ်လက်မှတ်ရေးထိုးမှု ၆နှစ်မြောက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းထားသောနိုင်ငံရေး ခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံပုဂ္ဂိုလ်များအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်လည်း KNU က ဆိုပါတယ်။

ဒါ့ပြင် နိုင်ငံတစ်ဝှမ်းဖြန့်ကျက်ထားသည့် ရဲနဲ့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များကို ၎င်းတို့ရဲ့ သက်ဆိုင်ရာအခြေစိုက်စခန်းများသို့ ပြန်လည်ရုတ်သိမ်းရန်နဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲကြောင်း ကြေညာရန်နဲ့ အဆိုပါကိစ္စရပ်တို့အား အကောင်အထည်ဖော်ရန် လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့နောက် စစ်အာဏာပြုအုပ်ချုပ်မှုအား အဆုံးသတ်နိုင်ရေး အထောက်အပံ့ဖြစ်စေမည့် ကုလသမဂ္ဂ မဏ္ဍိုင်ပြု နိုင်ငံတကာ စေ့စပ်ညှိနှိုင်းပေးမှုလုပ်ငန်းစဉ်ကို သဘောတူ လက်ခံခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနဲ့ ဘက်ပေါင်းစုံမှ အဓိကကျသည့် ကိုယ်စားပြုများ ပါဝင်သည့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းကာ အာဏာလွှဲပြောင်းရန် ထည့်သွင်းပြော ဆိုထားတာဖြစ်ပါတယ်။

လက်ရှိဆိုးဝါးနေသည့် နိုင်ငံရဲ့အခြေအနေကို ကယ်တင်နိုင်ရန်အတွက် ကရင်အမျိုး သားအစည်းအရုံး(KNU)မှ သက်ဆိုင်သူများအားလုံးကို ယခုကဲ့သို့ ထုတ်ပြန်ကြေညာကာ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *