ရွေးကောက်ခံအစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးမှုမပြုဘူးဆိုတဲ့ စိတ်ကူးယဉ် မဆန်ရန် စစ်ကောင်စီ ဥက္ကဋ္ဌပြော

အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ကြောင်းဆိုသည့် စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့ကျကျ သုံးသပ်ရန်လိုအပ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၅ရက်နေ့မှာကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ရဲ့ ၆နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

“အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအစိုးရဟာ ရွေးကောက်ခံ အစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာမလိုဘူးဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့်အဝ အကောင်အထည်ဖော်ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျသုံးသပ်ဖို့ လိုပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ဒါ့ပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ရိုးသားသည့်စိတ်ရှိရန်နဲ့ ငြိမ်းချမ်းရေးထက်အရေးကြီးတာ ဘာမှမရှိဘူးဆိုသည့် ခံယူချက်မျိုးရှိဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ခြင်းများရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။

ထို့နောက် အစိုးရဆိုခြင်းထက် ပြည်ထောင်စုမြန်မာနိုင်ငံပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ဖို့က အဓိကဖြစ်တယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Zawgyi/

ရွေးကောက်ခံ မဟုတ်လို့ တွေ့ဆုံဆွေးနွေးမှုမပြုဘူးဆိုတဲ့ စိတ်ကူးယဉ် မဆန်ရန် စစ်ကောင်စီ ဥက္ကဋ္ဌပြော

Leave a Reply

Your email address will not be published. Required fields are marked *