အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အွန်လိုင်းအရေးပေါ်အစည်းအဝေး မနက်ဖြန် ကျင်းပမည်ဟု အာဆီယံသံတမန်တစ်ဦးကပြောကြား

Zawgyicode:

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အွန်လိုင်းအရေးပေါ်အစည်းအဝေး မနက်ဖြန်မှာ ကျင်းပမယ်လို့ အာဆီယံသံတမန်တဦးကပြောပါသည်။

ဒီလနှောင်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းခေါင်းဆောင် မအလကို တက်ရောက်ခွင့်မပြုနိုင်ကြောင်း စကစဝန်ကြီး ဝဏ္ဏမောင်လွင်ကို တရားဝင်အသိပေးဖို့လို့ ဆိုပါတယ်။ မအလကို ပေးမတက်ဖို့ အဆိုပြုထားတဲ့နိုင်ငံတွေကတော့ စင်ကာပူ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ဖြစ်တယ်လို့ အဆိုပါအာဆီယံသံတမန်ကပြောပါသည်။

လာအို နဲ့ ကမ်ဘောဒီးယားကတော့ မအလကို ပေးတက်စေချင်ပြီး ထိုင်းကတော့ မအလအစား တခြားတယောက်ပေးတက်ခွင့်ပြုဖို့ ဆန္ဒရှိနေတယ်ဆိုပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ကို သူတွေ့ချင်သူတွေနဲ့ပေးမတွေ့ပဲ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူများနဲ့သာတွေ့ခွင့်ပေးတာဖြစ်လို့ ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့လည်း အဆိုပါသံတမန်ကပြောပါသည်။

အာဆီယံကိုယ်စားလှယ်အနေနဲ့ သူတွေ့ချင်တဲ့သူ-တွေ့ရမယ့်သူတွေကို လွတ်လပ်စွာပေးတွေ့ခွင့်ရမှ ခရီးစဉ်စနိုင်မှာဖြစ်သလို ဆွေးနွေးပွဲတွေစကတည်းက NUG/CRPH အပါအဝင် တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်ဖို့ အမေရိကန် ဂျပန်နဲ့ ဥရောပသမဂ္ဂတို့က အာဆီယံကို ရှင်းရှင်းလင်းလင်းပြောထားတယ်လို့လည်း အဆိုပါသံတမန်ကပြောပါသည်။ 

ဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်မဖေါ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပြတ်ပြတ်တ်သားသားဆက်ဆံဖို့လည်း အမေရိကန် ဂျပန်နဲ့ ဥရောပသမဂ္ဂတို့က ဖိအားပေးနေတယ်လို့လည်း အာဆီယံသံတမန်ကဆိုပါတယ်။ အဲဒီအတွက် မနက်ဖန်မှာအရေးပေါ်အစည်းအဝေးကျင်းပဖို့ စီစဉ်ရတာလို့ အမည်မဖေါ်လိုတဲ့ အဆိုပါ အာဆီယံသံတမန်ကပြောပါသည်။

Zawgyicode:

အာဆီယံအရေးပေါ်အစည်းအဝေးကျင်းပမည်ဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *