ကွယ်လွန်သွားသည့်ဒလံမိသားစုဝင်များကိုအပြည့်အဝကူညီပေးသွားမည်လို့ကြံခိုင်ရေးဆို

သေဆုံးသွားတဲ့ ပါတီဝင်တွေနဲ့ မိသားစုတွေအတွက် ဥပဒေရေးရာနဲ့ အခြားအကျိုးဆက် တွေအတွက် ကြံခိုင်ရေးပါတီက ကူညီစောင့်ရှောက်ဖြေရှင်းပေးမယ်လို့ ပြောဆိုဆုံးဖြတ်

စစ်တပ်ကအဓမ္မအာဏာသိမ်းပြီးလို့ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ စစ်အာဏာသိမ်းတာကိုလက်ခံပြီး သတင်းပေးဒလန်တွေ အဖြစ်လုပ်ဆောင်နေတဲ့ ကြံခိုင်ရေးပါတီဝင်တွေ သေဆုံးနေတာနဲ့ပတ်သက်ပြီး ပါတီမိသားစုတွေအတွက် ပါတီကကူညီ စောင့်ရှောက်ဖြေရှင်းပေးမယ်လို့ ကြံခိုင်ရေးပါတီ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ဒီနေ့မနက်ပိုင်းမှာ ပါတီအစည်းအဝေးခန်း(၁)မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

ဒီနေ့ကျင်းပပြုလုပ်တဲ့ ပါတီအစည်းအဝေးမှာ “(က) အကြမ်းဖက်အနိုင်ကျင့်နှိပ်စက်ခံရမှုကြောင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို မိမိခုခံကာ ကွယ်ရင်း ဖြစ်ပေါ်လာသော ပါတီမိသားစုများ၏ ဥပဒေရေးရာနှင့် အခြားအကျိုးဆက် များအတွက် ပါတီက ကူညီစောင့်ရှောက်ဖြေရှင်းပေးရန်။ (ခ) ဤကာလအတွင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသော ပါတီမိသားစုများအတွက် ပုံမှန် ထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးရန်။(ဂ) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားအကျိုး စီးပွားကို စောင့်ရှောက်ကာကွယ်လိုသူ (လူပုဂ္ဂိုလ်/ပါတီ/အဖွဲ့အစည်း)များနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ရန်” အဲ့ဒီအချက်သုံးချက်ကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီထိပ်ပိုင်းမှာပါဝင်သူ တစ်ဦးကပြောပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအများဆုံး ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို စစ်အာဏာရှင်နည်းတူ ပြည်သူတွေက လက်မခံဘဲ သတင်းပေးဒလန်အဖြစ် လုပ်ဆောင်နေတဲ့ ကြံခိုင်ရေးပါတီဝင်တွေကို တိုက်ခိုက်ခြေမှုန်းနေပြီး ရာနဲ့ချီတဲ့ ပါတီဝင်တွေ သေဆုံးနေတာဖြစ်ပါတယ်။

Zawgyi

သေဆုံးသွားတဲ့ ပါတီ၀င်တွေနဲ့ မိသားစုတွေအတွက် ဥပဒေရေးရာနဲ့ အခြားအကျိုးဆက် တွေအတွက် ကြံခိုင်ရေးပါတီက ကူညီစောင့်ရှောက်ဖြေရှင်းပေးမယ်လို့ ပြောဆိုဆုံးဖြတ်

စစ်တပ်ကအဓမ္မအာဏာသိမ်းပြီးလို့ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ စစ်အာဏာသိမ်းတာကိုလက်ခံပြီး သတင်းပေးဒလန်တွေ အဖြစ်လုပ်ဆောင်နေတဲ့ ကြံခိုင်ရေးပါတီ၀င်တွေ သေဆုံးနေတာနဲ့ပတ်သက်ပြီး ပါတီမိသားစုတွေအတွက် ပါတီကကူညီ စောင့်ရှောက်ဖြေရှင်းပေးမယ်လို့ ကြံခိုင်ရေးပါတီ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ဒီနေ့မနက်ပိုင်းမှာ ပါတီအစည်းအဝေးခန်း(၁)မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

ဒီနေ့ကျင်းပပြုလုပ်တဲ့ ပါတီအစည်းအဝေးမှာ “(က) အကြမ်းဖက်အနိုင်ကျင့်နှိပ်စက်ခံရမှုကြောင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို မိမိခုခံကာ ကွယ်ရင်း ဖြစ်ပေါ်လာသော ပါတီမိသားစုများ၏ ဥပဒေရေးရာနှင့် အခြားအကျိုးဆက် များအတွက် ပါတီက ကူညီစောင့်ရှောက်ဖြေရှင်းပေးရန်။ (ခ) ဤကာလအတွင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသော ပါတီမိသားစုများအတွက် ပုံမှန် ထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးရန်။(ဂ) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားအကျိုး စီးပွားကို စောင့်ရှောက်ကာကွယ်လိုသူ (လူပုဂ္ဂိုလ်/ပါတီ/အဖွဲ့အစည်း)များနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ရန်” အဲ့ဒီအချက်သုံးချက်ကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီထိပ်ပိုင်းမှာပါ၀င်သူ တစ်ဦးကပြောပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအများဆုံး ပါ၀င်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို စစ်အာဏာရှင်နည်းတူ ပြည်သူတွေက လက်မခံဘဲ သတင်းပေးဒလန်အဖြစ် လုပ်ဆောင်နေတဲ့ ကြံခိုင်ရေးပါတီ၀င်တွေကို တိုက်ခိုက်ခြေမှုန်းနေပြီး ရာနဲ့ချီတဲ့ ပါတီ၀င်တွေ သေဆုံးနေတာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *